အခြေခံစားသောက်ကုန်အစုံ ပါ တစ်ထုပ် ကို (၁၀၀)ကျပ်နဲ့ ဈေးရောင်း အလှူလေးပြုလု ပ်ခဲ့ တဲ့ မေရတီဇော်
Source – May Yati Zaw
unicode
ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်လ် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မေရတီဇော်ကတော့ ဒီနေ့မှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေအစုံပါတဲ့ တစ်ထုပ်ကို (၁၀၀) (၂၀၀)(၃၀၀)ကျပ်နဲ့ရောင်းချတဲ့ဈေးရောင်းအလှူလေးပြုလုပ်ခဲ့ပါတယ်။ ဒီလို ဈေးရောင်းအလှူလေးကိုတော့ မေရတီဇော်က တစ်ပတ်တိတိပြုလုပ်ခဲ့တာပါ။
စုစုပေါင်း အိမ်ထောင်စု (၁၀၀၀)စာအတွက်ကိုအောင်မြင်စွာနဲ့ ရောင်းချကူညီပေးနိုင်ခဲ့ပါတယ်။ ဒီအတိုင် စားသောက်ကုန်တွေကို လှူဒါန်းလို့ရပေမဲ့လည်း (၁၀၀)(၂၀၀)(၃၀၀)ကျပ်ဆိုပြီး ရောင်းချရတဲ့ အကြောင်းကိုလည်း “ဒီလိုလေး လုပ်ရခြင်းကလည်း ဒီကာလမှာ ကျပ်တည်း ခက်ခဲလည်း အလှူကိုတန်းစီပီးလာယူရတာ ရှက်တဲ့ လူမျိုးတွေအတွက်လဲ အဆင်ပြေအောင်ပါ။ မရှိတဲ့သူကမလှူရဝူးဆိုတာလဲမဖြစ်အောင် သူတို့ဝယ်ပေးတဲ့ (၂၀၀)(၃၀၀) ကနောက်အလှူမှာပြန်လည်ပတ်အောင်ရယ်ပါ”လို့လည်း မေရတီဇော်ကရှင်းပြထားခဲ့ပါတယ်။
သူရဲ့အလှူလေးကို အထမြောက်အောင် သူ့ကို ယုံကြည်စွာနဲ့လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရော ဈေးရောင်းအလှူမှာ ကူညီပေးကြတဲ့ သူတွေကိုရောကျေးဇူးတင်ရှိကြောင်းနဲ့ မှတ်တမ်းတင်ပုံလေးတွေကို မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ မေရတီဇော်တို့ရဲ့ ဈေးရောင်းအလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – May Yati Zaw