“သြော်တိုက်တိုက်ဆိုင်ဆိုင် ငြိမ်းချမ်းရေးတဲ့လား ဗျာ”ဆိုပြီး စိတ်မကောင်းဖြစ်ရတာတွေ ပြောပြလာ တဲ့ သရုပ်ဆောင်ထွန်းကိုကို
unicode
ပရိသတ်ကြီးရေ သရုပ်ဆောင် ထွန်းကိုကိုဟာ ပရဟိတလုပ်ငန်းတွေကို နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ်
လုပ်ဆောင်ပေးခဲ့သူ တစ်ယောက်ပါ။သူ့ကို ချစ်ခင်အားပေးကြတဲ့ အမာခံပရိသတ်တွေနဲ့”ထွန်းကိုကို ကို ချစ်ကြသူများ”ဆိုတဲ့ အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး
အလှူအတန်းတွေကို ပြုလုပ်နေကြတာကို တွေ့မြင်ရပါတယ်။(၂၀၁၃)ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia New Star Model Contest
ပြိုင်ပွဲမှာ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီး လူသိများလာခဲ့တဲ့ ထွန်းကိုကို( Yanpaing Tun Ko)ဟာ TVကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ
ရိုက်ကူးခဲ့ရပြီးတဲ့ နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင် လာခဲ့ပြီးပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာပြည်ကြီး အေးချမ်းနိုင်စေဖို့အတွက် အမှန်တရားဘက်ကနေပြီး ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားကာ အားကြိုးမာန်တတ်
လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လာခဲ့တာကြောင့် ပရိတ်သတ်တွေသာမကပဲ ပြည်သူတွေကပါ လေးစားနေကြပါတယ်။
ထွန်းကိုကိုက တော်လှန်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ သူရဲ့ခံစားချက်တွေနဲ့ အမှန်တရားအတွက်ကိုပါ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားဖော်ပြလေ့ရှိပါတယ်။
ထွန်းကိုကိုက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တာကြောင့် ပုဒ်မ(၅၀၅-က)နဲ့
အမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။ယခုအခါမှာလည်း ထွန်းကိုကိုက သူရဲ့လူမှုကွန်ယက်မှာ အခုလိုပဲ ဝေမျှပေးလာခဲ့ပါတယ်။
“2019 Incheon International Single-Media Festival ပွဲကို ပါဝင်တက်ရောက်ရန် ကိုရီးယားနိုင်ငံမှ ဖိတ်ကြားတဲ့အတွက် ကျွန်တော် တက်ရောက်ဖြစ်ပါတယ်။
ကျွန်တော် ကိုရီးယားကို ရောက်နေတဲ့အချိန် ကိုယ့်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေကြောင့် ရင်ထဲမှာ စိတ်မချမ်းမြေ့ခြင်းကြီးစွာ
ဝမ်းနည်းမိပါတယ်။ဒီနေ့ လျှောက်ရတဲ့ round မှာတော့ KOREA ရဲ့နာမည်ကြီး Designer တစ်ယောက်မှ ကျွန်တော့်အတွက် မထင်မှတ်ဘဲ သီးသန့်
ဖန်တီးပေးလိုက်တဲ့ မြန်မာနိုင်ငံ မြေပုံပါ ပုဝါလေးမှာတော့ မြန်မာစာလုံးလေး သုံးလုံး ထည့်သွင်းပေးထားတာ တွေ့လိုက်ရပါတယ်
သြော် တိုက်တိုက်ဆိုင်ဆိုင်”ငြိမ်းချမ်းရေး”တဲ့လားဗျာ”ဆိုပြီးတော့ ပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်။မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ
အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ဘေးအန္တရာယ် ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။C r d
Add a Comment
Your email address will not be published. Required fields are marked *