NUG အစိုးရကို ကုလသမဂ္ဂ အသိအမှတ်ပြုရေး နိုဘယ်လ်ဆုရှင် အပါ အဝင် အခြား နာမည်ကြီးနိုင်ငံရေးသမား များ လက်မှတ်ရေးထိုး တောင်းဆိုပြီ

အမျိုးသားသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂက အသိအမှတ်ပြုရေးအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမောသမ္မတဟောင်း ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ ဥက္ကဌ မစ္စတာ Jose Ramos-Horta ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Derek Mitchell အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားများက လက်မှတ်ရေးထိုး တောင်းလိုက်ကြကြောင်း သိရှိရသည်။

အရှေ့တီမောသမ္မတဟောင်း ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု အဖွဲ ဥက္ကဌ မစ္စတာ Jose Ramos-Horta ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Derek Mitchell ၊ ဆွစ်ဇာလန် နိုင်ငံ အမျိုးသား ကောင်စီ အဖွဲ့ဝင်၊ ဆွစ် မြန်မာ အသင်း ဥက္ကဌ နှင့် မြန်မာမိတ်ဆွေများအဖွဲ့ဝင် Ms. Laurence Fehlmann Rielle၊

ချက်နိုင်ငံ အထက်လွှတ်တော် နိုင်ငံ တကာ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဌ အထက်လွှတ်တော် အမတ် မစ္စတာ Pavel Fisher ၊ ပေါ်တူဂီနိုင်ငံမှ ဥရောပ ပါလီမန် အမတ်ဟောင်း မစ္စ Ana Gomes၊ နယ်စည်းမခြား သတင်းသမားများ၏ နိုင်ငံတကာ လှုံဆော်ရေး ဒါရိုက်တာ Antoine Bernard တို့သည်

၁၅၆၀၀၀ ကျော်သော ကမ္ဘာတလွှားမှ မြန်မာနှင့် မြန်မာမိတ်ဆွေများနှင့် အတူ အမျိုးသား ညီညွတ် ရေး အစိုးရက ကုလသမဂ္ဂတွင် အထူးသံတမန်အဖြစ် ခံအပ်ထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံကိုယ်စားပြုအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအား ကုလ သမဂ္ဂတွင် ၎င်း၏ နေရာ ဆက်လက် ရရှိရေး အွန်လိုင်းလက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ပါဝင် လက်မှတ်ရေးထိုးကြသည်။

လက်ရှိတွင် NUG အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုရေး လက်မှတ် ၂ သိန်း ရရှိရန် ရည်မှန်းထားပြီး လက်ရှိတွင် လက်မှတ် စုစုပေါင်း ၁၅၆၇၂၁ ခုရရှိထားပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အွန်လိုင်းလက်မှတ်ရေးထိုးမှုတွင် ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးကြရန် တက်ကြွလှုပ်ရှားသူများက တိုက် တွန်းထားသည်။

NUG အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုရေးအတွက် http://chng.it/PgsF2kQkxF တွင် လက်မှတ်ရေး ထိုးနိုင်ကြောင်း သိရှိရသည်။

Add a Comment

Your email address will not be published. Required fields are marked *