မိုင်လေးအပေါ်မှာ ချစ်တဲ့အချစ်တွေ ကို သက်သေပြလိုက်ပြီဖြစ် တဲ့ နန်းစုရတီစိုး

အသည်းကွဲသီချင်းတွေနဲ့အတူ မိခင်ရဲ့သီချင်းတွေကို လူငယ်အကြိုက်လေးတွေအဖြစ်ပြန်ပြောင်းဆိုနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်တွေကိုပိုင်ဆိုင်ထားသူလေးကတော့ အဆိုတော်မိုင်ရဲ့ သမီးလေး ရတနာမိုင်ပဲဖြစ်ပါတယ်။ အဆိုတော်မလေး ရတနာမိုင်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရ

ပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ရတနာမိုင်က တေးသီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။တမူထူးခြားတဲ့

အလှတရားတွေကို ပိုင်ဆိုင်ထားပြီး မိဘကိုသိတတ်လိမ္မာတဲ့ သမီးလေး ဖြစ်တာကြောင့် အနုပညာမောင်နှမတွေကလည်း ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ ဩဂုတ်လ ( ၁၇ ) ရက်နေ့ကတော့ ရတနာမိုင်ရဲ့ မွေးနေ့လေးဖြစ်ရာ ချစ်ရတဲ့ ပရိသတ်တွေ မိတ်ဆွေတွေက မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ် ။ါ့အပြင် မွေးနေ့လ

က်ဆောင်တွေလည်း ပေးပို့ကြသလို ပရိသတ်တွေကလည်း အလှူလေးတွေ အမှတ်တရ ပြုလုပ်ပေးခဲ့ကြပါတယ် ။ အဆိုတော်မလေး နန်းဆုကလည်း သူငယ်ချင်းလည်းဖြစ်ပြီး ညီအစ်မတွေလိုခင်ရတဲ့ မိုင်လေးကို ချစ်ခြင်းတွေနဲ့လက်ဆောင်တွေနဲ့ ကိတ်မုန့်တွေပို့ပေးခဲ့တာ ဖြစ်ပါတယ်နော်…အနုပညာလမ်းကြောင်းပေါ်

မှာလျှောက်နေရင်းနဲ့တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ရှိကြတာ ပျော်စရာကောင်းလှပါတယ်လို့လည်း ရေးသားထားခဲ့ပါသေးတယ်။ မိုင်လေးကလည်း သူငယ်ချင်းဖြစ်သူ နန်းဆုရတီစိုးက သူမအတွက် မွေးနေ့လက်ဆောင်တွေနဲ့

ကိတ်မုန့်လေးကို Suprise လုပ်ပေးလာတာကြောင့် ကြည်နူးပီတိဖြစ်နေကြောင်းဖော်ပြလာပါတယ် ။ Cele World လည်း ညီအစ်မတွေလို ချစ်ကြတဲ့ သူမတို့အတွက် ထပ်တူဝမ်းသာလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..

Source – Yadanar My

Add a Comment

Your email address will not be published. Required fields are marked *