ဆေးရုံရောက် သည် အထိ ဆေးကုသမှု ခံယူနေရ တဲ့ လက်ရှိအခြေအနေ ကို ပရိသတ်တွေကို ပြောပြလာတဲ့ မေခလာ
|ချစ်ငယ်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ တစ်ခေတ်တစ်ချိန်ထဲက သီချင်းတွေလည်းဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။
ဒါ့အပြင် သာယာတဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။
ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းအားကျကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆိုပုံလေးတွေနဲ့စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။
အလှူအတန်းဆိုရင်လည်း အမြဲ ရှေ့ဆုံးကနေ ပါဝင်လှူဒါန်းလျက်ရှိတာကိုလည်း လေးစားစွာတွေ့ရပါတယ် ။
ဒီနေ့မှာတော့ မေခလာက ကျန်းမာရေး မကောင်းမွန်တာကြောင့် ဆေးရုံတက် ကုသနေခဲ့ရကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာပါတယ် ။
ဒါ့အပြင် ခုလက်ရှိမှာတော့ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ သတင်းကောင်းလေးဆိုလာပါတယ် ။
” အားလုံးရဲ့မေတ္တာကြောင့် ချစ်ငယ်ကျန်းမာလာပါပြီ! မေခလာ ပြန်လာမယ်နော်! အားပေးမှာလား?! မေခလာ လာပြီလေ…! Fighting ပရိတ်သတ်တို့….” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – May Khalar