ပင်ပန်းဆင်းရဲခံပြီး တောထဲအထိ ခင်ပွန်းနောက် ကို လိုက် ကာ ပါရမီဖြည့်ပေး ခဲ့ တဲ့ မင်းမော်ကွန်းရဲ့ ချစ်ဇနီး

မင်းမော်ကွန်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေမှာဆိုရင် ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်း စိတ်ရောကိုယ်ပါ နှစ်ပြီး ပါဝင်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။

ရရာနေရာကနေ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ဟစ်ကြွေးဖော်ထုတ်ရင်း နေ့စဉ်တိုင်းလိုလို တစ်ရက်မနားတမ်း လှုပ်ရှားမှုပြုခဲ့ပါတယ်။

ဒါကြောင့်လည်း ခုချိန်မှာ ခြိမ်းခြောက် ခံရမှုတွေ ရှိလာလို့ ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ် ။

အခုချိန်အထိလည်း သူရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်တိုင်းဖော်ပြပေးနေဆဲပါ ။ မနေ့ညကဆိုရင်လည်း တောထဲမှာ မှိုချိုးနေတဲ့ ဇနီးနဲ့ သားလေးရဲ့ ပုံလေးကို ဝေမျှလာပါတယ် ။

မိသားစုလိုက် လွတ်မြောက်နယ်မြေရောက်နေကြတာ သိပြီး ပရိသတ်တွေအားလုံးကလည်း ဝမ်းသာခဲ့ကြသလို ပင်ပန်းဆင်းရဲခံပြီး တောထဲအထိ လိုက်ပါကာ ပါရမီဖြည့်ပေးခဲ့တဲ့ မင်းမော်ကွန်းရဲ့ ဇနီးကို လေးစားနေကြတာပါ ။

ပရိသတ်ကြီးအတွက် မင်းမော်ကွန်းတို့မိသားစုရဲ့ ပုံတွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Kyaw Kyaw Htay Lwin

Add a Comment

Your email address will not be published. Required fields are marked *