အသည်းယားစရာ ပုံစံလေးနဲ့ အမိုက်စား ဆွဲဆောင်နေ တဲ့ ဖူးပွင့်သခင်
|ဒီဗီဒီယိုလေး ထဲမှာတော့ ဖူးပွင့်သခင် က သီချင်းလေးအတိုင်း လိုက်ဖက်တဲ့ အမူအရာလေးတွေ နဲ့ လမ်းလေး လျှောက်ပြီး အထာကျကျ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ထားရာမှာလည်း ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ် အလှတရားတွေကို ပေါ်လွင်စေခဲ့ပါတယ်။ ကဲ…ပရိသတ်ကြီးရေ ယခုမှာတော့ အသည်းယားစရာ အမူအရာလေးတွေနဲ့ ဆော့ကစား ထားတဲ့ ဖူးပွင့်သခင် ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ယောကျာ်းပရိသတ်တွေရဲ့ အသည်းတွေကို ခြွေချထားတဲ့ သူကတော့ မင်းသမီးချောလေး ဖူးပွင့်သခင်ပဲ ဖြစ်ပါတယ်။
သူမက အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီး ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင် ထား ပါတယ်။ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ရရှိနေတာ ဖြစ်ပါ တယ်။ဖူးပွင့်သခင် က လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း အပျင်းအပြေ tik tok လေးတွေ ဆော့က စားပြီး ပရိသတ်တွေ ကို အမြဲမျှဝေပေးပါတယ်။ သူမရဲ့ tik tok လေးတွေကလည်း အသည်းယားစရာ ချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ စိတ်ဝင်စား နေရတာဖြစ်ပါတယ်။
Photo Credit – Phoo Pwint Tha Khin fb page