တော်လှန်ရေးကြီးပြီးသွား တာနဲ့ မြန်မာပြည် အနှံ့လည်ပြီး အခမဲ့ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း အသိပေး လာ တဲ့ ဟားငါးကောင်အဖွဲ့

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေများစွာရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့ပဲဖြစ်ပါတယ်။

လူရွှင်တော်တွေအနေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ လက်ရှိမှာ‌ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်…..။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

တော်လှန်ရေးအတွက်စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေကြတဲ့ ဟားငါးကောင်အဖွဲ့ဟာ မကြာခင်ရက်ပိုင်းအတွင်းက လွတ်မြောက်နယ်မြေကနေ ပြည်သူပရိသတ်တွေအတွက် တတ်စွမ်းတဲ့ပညာနဲ့ အငြိမ့်ကပြဖျော်ဖြေခဲ့သေးတာလည်း ဖြစ်ပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးအခြေအနေတွေကို ပြက်လုံးတွေအဖြစ်ပြောင်းလဲပြီး ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးခဲ့ကြတာကြောင့် ပြည်သူတွေကျေနပ်အားရခဲ့တဲ့ ဖျော်ဖြေမှုလေးဖြစ်ခဲ့ပါတယ်။

အခုလို အနုပညာရှင်တွေဖြစ်ပေမယ့် အာဏာရှင်ဖြုတ်ချရေးမှာ တက်ကြွစွာပါဝင်နေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ သတ္တိနဲ့ခံယူချက်ကတော့ အင်မတန်လေးစားဖို့ကောင်းပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မကြာသေးမီကလည်း ပိုးလေးဟာ သူ့ရဲ့ Facebookစာမျက်နှာကနေ တော်လှန်ရေးကြီးပြီးသွားလို့ တိုင်းပြည်အေးချမ်းသွားရင် မြန်မာပြည်ပတ်ပြီး အခမဲ့ဖျော်ဖြေပေးသွားမည့်အကြောင်းကိုလည်း ရေးသားအသိပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်

သတင်းအရင်းမြစ်: Ko Ko Poe Lay’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *