wave money အပါအဝင္ မည္ သည့္ Mobile payment ကိုမ ဆို ေငြလႊဲေရး အတြက္ ထိန္းခ်ဳပ္ သြား မည္ ဟု ဗဟိုဘဏ္တာဝန္႐ွိ သူေျပာ

အမ်ိဳးသားညီၫြတ္ေရးအစိုးရဖြဲ႕မွ ဖြင့္လွစ္ခဲ့သည့္ေႏြဦးထီေပၚထြက္လာၿပီးေနာက္တြင္ ေငြေၾကးလႊဲေျပာင္းမႈမ်ားအတြက္ wave money အပါအဝင္ မည္သည့္ Mobile payment ကိုမဆို အခ်က္အလက္ျပည္စုံျဖည့္တင္းၿပီးေငြလႊဲေျပာင္းႏိုင္ေရးအတြက္လုပ္ငန္းစဥ္မ်ားကို ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခ်က္အလက္ျပည့္စုံမွလႊဲရမယ္။ စၿပီးလိုင္စင္ေလွ်ာက္တည္းကလႊဲေျပာင္းသူက ဘယ္လိုအခ်က္အလက္ျဖည့္တင္းရမယ္လက္ခံသူက ဘယ္လိုအခ်က္အလက္ျဖည့္တင္းရမယ္ဆိုၿပီးစနစ္တက်နဲ႔လုပ္ခိုင္းထားတာ” ဟုဗဟိုဘဏ္ဒုတိယဥကၠဌ ဦးဝင္းေသာ္က MPAသို႔ေျပာသည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)မွ ေရာင္းခ်လ်က္႐ွိေသာ ေႏြဦးထီႏွင့္ပတ္သက္ၿပီး ေငြေၾကးလႊဲေျပာင္းမႈမ်ားျပဳလုပ္မည့္ဘဏ္အေကာင့္မ်ားကို စိစစ္အေရးရန္ၫႊန္ၾကားထားၿပီးေနာက္ပိုင္းတြင္ ယခုကဲ့သို႔ ထိန္းခ်ဳပ္ရန္ျဖစ္ေပၚလာရျခင္းျဖစ္သည္ဟုသိရသည္။

အခ်က္အလက္မျပည္စုံပဲလႊဲေျပာင္းျခင္းျပဳလုပ္ပါ ကလႊဲေျပာင္းသူသာမက လႊဲေျပာင္းေပးသည့္ကိုယ္စားလွယ္ကိုလည္းအေရးယူမႈမ်ားျပဳလုပ္သြားမည္ဟုသိရသည္။

အာဏာသိမ္းစစ္တပ္၏စီမံကိန္းႏွင့္အခြန္ဘ႑ာဝန္ႀကီးဌာလက္ေအာက္တြင္ေအာင္ဘာေလထီတစ္မ်ိဳးသာ႐ွိသည္။ သို႔ေသာ္ ႏွစ္လုံးထီ သုံးလုံးထီမ်ားကို အြန္လိုင္းေစ်းကြက္တြင္ Mobile paymentမ်ားျဖင့္ ေပးေခ်ၿပီးအေရာင္းအဝယ္ျပဳလုပ္ေနေသာ္လည္း ဗဟိုဘဏ္ဘက္မွ ယခုကဲ့သို႔ၫြန္ၾကားခ်က္တစ္စုံတစ္ရာထုတ္ျပန္ခဲ့ျခင္းမ႐ွိေပ။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး” အဲ့တာေတြထက္ပိုအေရးႀကီးတယ္ဒါက(ေႏြဦးထီ)။ ႏွစ္လုံးထီတို႔ဘာတို႔က ကို႔စီးပြားေရးအတြက္ ကိုယ္လုပ္တာေပါ့သတ္မွတ္ထားတဲ့ ဥပေဒကိုခ်ိဳးေဖာက္တာေပါ့ေလ။ဒီေႏြဦးထီဆိုတာက ေတာ့ႏိုင္ငံေတာ္ကိုဆန္႔က်င္တဲ့အဖြဲ႕ကလုပ္တာေလမတူဘူး” ဦးဝင္းေသာ္ကဆိုသည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ၫြန္ၾကားခ်က္သည္ ၁၃ရက္ေန႔ရက္စြဲျဖင့္ ဗဟိုဘဏ္မွဘဏ္မ်ားသို႔ လွ်ိဳ႕ဝွက္စာျဖင့္ေပးပို႔ခဲ့ေသာ္လည္း ၁၆ရက္ေန႔တြင္ ျပင္ပသို႔သတင္းေပါက္ၾကားခဲ့သည္။ စာထြက္လာၿပီးေနာက္ထိုၫႊန္ၾကားစာႏွင့္ပတ္သက္ၿပီးလက္မွတ္ထိုးထုတ္ေပးခဲ့သည့္ ဒုတိယဥကၠဌေဒၚသန္းသန္းေဆြကို MPAက ေမးျမန္းခဲ့ရာ စာအတုဟုေျပာဆိုခဲ့သည္။

ဒီကေန႔မွာေတာ့ ဗဟိုဘဏ္ဒုတိယဥကၠဌ ဦးဝင္းေသာ္က စာအစစ္အမွန္ျဖစ္ေၾကာင္းအတည္ျပဳခဲ့ၿပီး လွ်ိဳ႕ဝွက္စာေပါက္ၾကားမႈအတြက္ ဘဏ္မ်ားကိုစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္းေျပာၾကားသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးမွေရာင္းခ်ေသာ ေႏြဦးထီကိုထိုးသည့္ဘဏ္အေကာင့္မ်ား၊Mobile paymentမ်ားကို ေစာင့္ၾကည့္စစ္ေဆးမ်ားျပဳလုပ္သြားမည္ျဖစ္ၿပီး နည္းပညာမ်ားလည္းတိုးျမႇင့္ထားေၾကာင္းသိရသည္။

NUGအစိုးရကျပဳလုပ္သည့္ ေအာင္လံလႊင့္ခ်ီေႏြဦးထီကို ၾသဂုတ္လ ၁၄ရက္ေန႔ညေန၄နာရီတြင္စတင္ေရာင္းခ်ခဲ့ရာ တစ္နာရီအတြင္း ျပည္သူမ်ား အားေပးမ်ားလြန္းသည့္အတြက္ ၾကန္႔ၾကာမႈမ်ားျဖစ္ေပၚခဲ့ၿပီး စိတ္႐ွည္သည္းခံေပးၾကဖို႔ေမတၱာရပ္ခံစာကို ထုတ္ျပန္ရသည္ အထိျဖစ္ခဲ့သည္။

unicode

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မှ ဖွင့်လှစ်ခဲ့သည့်နွေဦးထီပေါ်ထွက်လာပြီးနောက်တွင် ငွေကြေးလွှဲပြောင်းမှုများအတွက် wave money အပါအဝင် မည်သည့် Mobile payment ကိုမဆို အချက်အလက်ပြည်စုံဖြည့်တင်းပြီးငွေလွှဲပြောင်းနိုင်ရေးအတွက်လုပ်ငန်းစဉ်များကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အချက်အလက်ပြည့်စုံမှလွှဲရမယ်။ စပြီးလိုင်စင်လျှောက်တည်းကလွှဲပြောင်းသူက ဘယ်လိုအချက်အလက်ဖြည့်တင်းရမယ်လက်ခံသူက ဘယ်လိုအချက်အလက်ဖြည့်တင်းရမယ်ဆိုပြီးစနစ်တကျနဲ့လုပ်ခိုင်းထားတာ” ဟုဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က MPAသို့ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရောင်းချလျက်ရှိသော နွေဦးထီနှင့်ပတ်သက်ပြီး ငွေကြေးလွှဲပြောင်းမှုများပြုလုပ်မည့်ဘဏ်အကောင့်များကို စိစစ်အရေးရန်ညွှန်ကြားထားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ထိန်းချုပ်ရန်ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုသိရသည်။

အချက်အလက်မပြည်စုံပဲလွှဲပြောင်းခြင်းပြုလုပ်ပါ ကလွှဲပြောင်းသူသာမက လွှဲပြောင်းပေးသည့်ကိုယ်စားလှယ်ကိုလည်းအရေးယူမှုများပြုလုပ်သွားမည်ဟုသိရသည်။

အာဏာသိမ်းစစ်တပ်၏စီမံကိန်းနှင့်အခွန်ဘဏ္ဍာဝန်ကြီးဌာလက်အောက်တွင်အောင်ဘာလေထီတစ်မျိုးသာရှိသည်။ သို့သော် နှစ်လုံးထီ သုံးလုံးထီများကို အွန်လိုင်းဈေးကွက်တွင် Mobile paymentများဖြင့် ပေးချေပြီးအရောင်းအဝယ်ပြုလုပ်နေသော်လည်း ဗဟိုဘဏ်ဘက်မှ ယခုကဲ့သို့ညွန်ကြားချက်တစ်စုံတစ်ရာထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး” အဲ့တာတွေထက်ပိုအရေးကြီးတယ်ဒါက(နွေဦးထီ)။ နှစ်လုံးထီတို့ဘာတို့က ကို့စီးပွားရေးအတွက် ကိုယ်လုပ်တာပေါ့သတ်မှတ်ထားတဲ့ ဥပဒေကိုချိုးဖောက်တာပေါ့လေ။ဒီနွေဦးထီဆိုတာက တော့နိုင်ငံတော်ကိုဆန့်ကျင်တဲ့အဖွဲ့ကလုပ်တာလေမတူဘူး” ဦးဝင်းသော်ကဆိုသည်။

ညွန်ကြားချက်သည် ၁၃ရက်နေ့ရက်စွဲဖြင့် ဗဟိုဘဏ်မှဘဏ်များသို့ လျှို့ဝှက်စာဖြင့်ပေးပို့ခဲ့သော်လည်း ၁၆ရက်နေ့တွင် ပြင်ပသို့သတင်းပေါက်ကြားခဲ့သည်။ စာထွက်လာပြီးနောက်ထိုညွှန်ကြားစာနှင့်ပတ်သက်ပြီးလက်မှတ်ထိုးထုတ်ပေးခဲ့သည့် ဒုတိယဥက္ကဌဒေါ်သန်းသန်းဆွေကို MPAက မေးမြန်းခဲ့ရာ စာအတုဟုပြောဆိုခဲ့သည်။

ဒီကနေ့မှာတော့ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က စာအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီး လျှို့ဝှက်စာပေါက်ကြားမှုအတွက် ဘဏ်များကိုစစ်ဆေးမှုများပြုလုပ်နေကြောင်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးမှရောင်းချသော နွေဦးထီကိုထိုးသည့်ဘဏ်အကောင့်များ၊Mobile paymentများကို စောင့်ကြည့်စစ်ဆေးများပြုလုပ်သွားမည်ဖြစ်ပြီး နည်းပညာများလည်းတိုးမြှင့်ထားကြောင်းသိရသည်။

NUGအစိုးရကပြုလုပ်သည့် အောင်လံလွှင့်ချီနွေဦးထီကို သြဂုတ်လ ၁၄ရက်နေ့ညနေ၄နာရီတွင်စတင်ရောင်းချခဲ့ရာ တစ်နာရီအတွင်း ပြည်သူများ အားပေးများလွန်းသည့်အတွက် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး စိတ်ရှည်သည်းခံပေးကြဖို့မေတ္တာရပ်ခံစာကို ထုတ်ပြန်ရသည် အထိဖြစ်ခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *