လာနီညာ(ခ)အစွန်းရောက် ရာသီဥတုဖြစ်စဉ်ကြောင့် လာ မယ့် ဆောင်းမှာ
|အစွန်းရောက်ရာသီဥတုဖြစ်စဉ် လာနီညာဖြစ်ပေါ်လာနိုင်မှုနှင့်မြန်မာနိုင်ငံအပေါ်အကျိုသက်ရောက်နိုင်မှု အခြေအနေများ ခန့်မှန်းချက်”
၂၀.၈.၂၀၂၁ ညနေ ၆ နာရီ ၅၅ မိနစ်
ပထမဦးစွာ လာနီညာဆိုဘာလဲဆိုတာကို ရှင်းပြလိုပါတယ်။လာနီညာဆိုသည်မှာ စပိနဘာသာစကားမှဆင်းသက်လာပြီး၊ လာနီညာကို ‘မိန်းကလေးငယ်’ဟုအဓိပ္ပါယ်ရပါတယ်။
လာနီညာကာလအတွင်း အီကွေတာအနီးရှိ အရှေ့ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်အောက်လျော့နည်းသွားရာ အနှုတ် (ဝ.၅)ဒီဂရီစင်တီဂရိတ်နှင့်အောက် လျော့နည်း ခြင်းတစ်နည်းအားဖြင့် အီကွေတာအနီး အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် ရေအေးစီးကြောင်း စီးဆင်းခြင်းကို‘လာနီညာ’ ဟုခေါ်ပါတယ်။
ယေဘုယျအားဖြင့် အယ်လ်နီညိုရာသီဥတုသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ဖြစ်စေတတ်ပြီး၊ လာနီညာရာသီဥတုသည် အေးပြီးစွတ်စိုသည့် ရာသီဥတု ကိုဖြစ်တတ်ပါသည်။
လာနီညာအဆင့်သတ်မှတ်ခြင်း
ပင်လယ် ရေမျက်နှာပြင်အပူချိန် လျော့နည်းသွားတဲ့ ပမာဏပေါ်မှာ မူတည်ပြီး လာနီညာအဆင့်သတ်မှတ်ပါတယ်။
(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်အောက်(-၁.၅) ဒီဂရီအောက် လျော့နည်းသွားသော အခြေအနေကို အားကောင်းသောလာနီညာအခြေအနေ။
(ခ) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်အောက် (-၁.၀ မှ -၁.၄)အထိကို အားအသင့်အတင့်ရှိသော လာနီညာအဆင့်လို့သတ်မှတ်ပါတယ်။
(ဂ) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်အောက် (-ဝ.၅ မှ -ဝ.၉)အထိကို အားနည်းသည့် လာနီညာအဆင့်လို့သတ်မှတ်ပါတယ်။
လက်ရှိဖြစ်ပေါ်လာနိုင်သော လာနီညာအခြေအနေအပေါ် ခန့်မှန်းချက်
သြစတြေးလျနိုင်ငံ မိုးလေဝသဌာနမှ ယခုလ ၁၇ရက်နေ့ထုတ်ပြန်ချက်များအရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)NINO. 3-4 ဧရိယာ၏
ပင်လယ်ရေ မျက်နှာပြင်အပူချိန်သည် Average IODမှာတော့အနှုတ် ဝ.၇ ဒီဂရီစင်တီဂရိတ်ရှိနေခြင်းနှင့် လေထုဖြစ်စဉ်များအရ ယခုလာမည့်စက်တင်ဘာလတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေမှာရှိနေပါတယ်။
ဆက်လက်ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလများအထိအားအနည်ငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနေနိုင်ပြီး၊
လာမည့် ၂၀၂၂ခုနှစ် ဇန်နဝါရီလလောက်မှာတော့ ပုံမုန်ရာသီဥတုအခြေအနေကိုပြန်လည်ရောက်ရှိလာနိုင်တယ်လို့တော့ ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။
မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှု အခြေအနေခန့်မှန်းချက်
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ
ယခုနှစ်မိုးနှောင်းကာလသည်အောင်ရေလို့ခေါ်နိုင်တဲ့ မိုးနှောင်းမိုးရွာသွန်းမှုကိုရရှိမှာတော့မှာမို့ မိုးနှောင်းကောင်းနိုင်တယ်လို့တော့ ခန့်မှန်းတွက်ချက်ရရှိ ထားပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် စက်တင်ဘာလ ဒုတိယပတ်အကုန်လောက်အထိ
မိုးများစွာရွာသွန်းနေမှာဖြစ်ပြီး စက်တင်ဘာလ တတိယပတ်မှစပြီး မိုးအားလျော့နည်းလာကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ မိုးရွာသွန်းမှုဟာသိသိသာ ပိုလာနိုင်ပါတယ်။
အထူးသဖြင့် စက်တင်ဘာလ တတိပတ်မှစပြီးအောက်တိုဘာလ တတိယပတ်အကုန်အတွင်းမှာ မိုးကောင်းနိုင်ပြီး ရေမရသေးသော တာတမံများ၊
ရေလှောင်ကန်များရေရရှိတော့မှာဖြစ်ကြောင်းနှင့်ဒီနှစ်မိုးနှောင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ မိုးကောင်းနိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ မိုးနှောင်းကာလတွင် မုတ်သုံလေဟာ အားအနည်းငယ်မှအားအသင့်အတင့်လောက်သာရှိနေနိုင်တာမို့ ရေးကြီး၊ရေလျှံမှုများဟာ မိုးနှောင်းကာလမှာ သိသိသာလျော့နည်းလာနိုင်ပြီးနေပူလိုက် မိုးရွာလိုက်နှင့် သင့်တင့်မျှတတဲ့ ရာသီဥတုမျိုးခံစားရတော့မှာ ဖြစ်ပါတယ်။
လာနီညာဖြစ်ပေါ်သောနှစ်များမှာ ယေဘုယျအားဖြင့် အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် လာမည့်ဆောင်းရာသီကာလများမှာ ညအပူချိန်များ လျော့နည်းခြင်းကြောင့် အနည်းငယ် အအေးပိုလာနိုင်ပြီး အရှေ့ဘက်မှလာသော လေပွေလှိုင်းများ တိုက်ခတ်ခြင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ စသည့်ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ပါတယ် ခင်ဗျာ။
လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား စောင့်ကြည့်ပြီး ပြောင်းလဲမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြသွားပါမည်။
ယခင်က ဝန်ထမ်းဘဝ ကန့်သတ်ချက်များရှိနေလို့ ရက်ဝေးခန့်မှန်းချက်များ ထုတ်ပြန်မပေးနိုင်ခဲ့သော်လဲ ယခုအခါ ဆရာသမားရဲ့ ကူညီအားပေးထောက်ခံမှုများ ရရှိနေပြီဖြစ်လို့ ရက်ဝေးခန့်မှန်းချက်များအား ပုံမှန်ထုတ်ပြန်ပေးသွားတော့မှာ ဖြစ်ပါတယ်။
ယခုလို ထုတ်ပြန်ခွင့်ရရှိအောင် ကူညီပေးကြသော ဆရာသမားများအား ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ခန့်မှန်းချက်များထွက်ပေါ်လာရန် ဦးဆောင်ဆွေးနွေးပေးပါသော ဆရာ Mann Nyo အား အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
ဝေဖြိုးဟန်