ထောင်(၃)နှစ်ချမှတ်ခံရပြီး အိုးဘိုထောင်ကို အပို့ခံရပေမယ့် စိတ်ဓာတ် မ ကျ တဲ့ အပြင် ဖခင်ဖြစ်သူ ကိုပါအမှာ စာပို့လိုက်တဲ့ သမီးလေးစုထက်ဝိုင်းရဲ့ အစ်မ

မိုးကုတ်မြို့က ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူကိုစိုးဌေးကို ရှာမတွေ့တာကြောင့် သမီးလေးစုထက်ဝိုင်းအပါအဝင် မိသားစုဝင်သုံးယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တုန်းက သမီးလေးစုထက်ဝိုင်းတစ်ယောက်ပြန်လွတ်လာပြီး အစ်မနဲ့ မိခင်ဖြစ်သူတို့ကတော့ ဆက်လက်ဖမ်းဆီးခံထားရပါတယ် ယခုမှာတော့ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့အစ်မဖြစ်သူဟာ ထောင်ဒဏ်(၃)နှစ်ချမှတ်ခံခဲ့ရသလို သားအမိနှစ်ယောက်ကိုလည်း အတူမထားဘဲ မိုးကုတ်အချုပ်​ထောင်နှင့်ရဲစခန်းတို့မှာ ခွဲထားခဲ့ကြပါတယ်

ထောင်ဒဏ်ချမှတ်အပြီးမှာတော့ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့ အစ်မတို့ကို မန္တလေးမြို့ရှိ အိုးဘိုထောင်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့သမီးလေးစုထက်ဝိုင်းရဲ့ အစ်မဖြစ်သူကတော့ စိတ်ပူနေကြတဲ့ မိသားစုဝင်တွေဆီကို လေးစားစရာကောင်းတဲ့ အမှာစာလေး ပို့ပေးလိုက်ပါတယ်

သမီးလေးစုထက်ဝိုင်းရဲ့အစ်မဖြစ်သူက သားအမိနှစ်​ယောက်စလုံး ကျန်းမာစွာနဲ့ အာဏာရှင်အမြစ်ပြတ်ဖို့ ရောက်တဲ့အရပ်၊ ရှိတဲ့နေရာက ဆက်​ပြီးတော်လှန်​သွားမယ် လို့ english လိုရေးပြီး မိသားစုထံကို အမှာစာလေး ပို့ပေးခဲ့တာပဲဖြစ်ပါတယ်

မိုးကုတ်က တတ်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုစိုးဌေးကတော့ သမီးကြီးရဲ့ စာလေးကိုဖတ်ပြီး ဂုဏ်ယူနေခဲ့ပါတယ်။ကိုစိုးဌေးကတော့ သမီးကြီး​ရေ အတိတ်​ကရခဲ့တဲ့ ဒဏ်ရာ​တွေကိုကုစားရင်း တိုင်းပြည်ရဲ့အနာဂတ်ကြီးလှပဖို့ ​​တော်လှန်​ရေးအလံကို မြဲမြံစွာဆုပ်ကိုင်ထားရင်း ​နောက်ဆုံးထွက်သက်အထိ အာဏာရှင်အမြစ်ပြတ်​ရေး တိုက်ပွဲဝင်ပါ ဆိုပြီး ရေးသားထားပါတယ်

ပြည်သူတွေကတော့ အာဏာရှင်ကိုတွန်းလှန်းရင်း မိသားစုတစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ ကိုစိုးဌေးတို့မိသားစုအတွက် စိတ်မကောင်းဖြစ်နေကြပြီး အားတင်းထားဖို့ အားပေးစကားပြောဆိုနေကြပါတယ်

Source : Original Uploderည်းလိုက်ပြီ

Add a Comment

Your email address will not be published. Required fields are marked *