အောင်ဘာလေထီဆုကြေး ၁၀ ရာခိုင်နှုန်း တိုး ၍ ပေးမည် ဟု စစ်ကောင်စီ မက်လုံးပေး

အောင်ဘာလေထီလက်မှတ်ရောင်းရငွေ၇၀ရာခိုင်နှုန်းထိတိုးမြှင့်ခွဲဝေပေးမယ့်အပြင်ထီဆုငွေတွေကိုကန့်သတ်ချက်မထားဘဲအပြည့်အဝထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်

အဲ့ဒီအစီအစဉ်ကိုလာမယ့်စက်တင်ဘာလတစ်ရက်နေ့ကစတင်မယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်ထီဆုကြေးများထုတ်ယူရာတွင်လည်းစစ်ကောင်စီလက်ထက်ငွေသားအခက်အခဲကြောင့်ကျပ်သိန်း၅၀၀အထိ

သာငွေကြေးတလုံးတခဲတည်းပေးအပ်ခဲ့ပြီးကျန်ငွေများကိုအကန့်အသတ်ဖြင့်ပေးအပ်သည့်စနစ်မှယခုအခါငွေသားအားလုံးတလုံးတခဲတည်းထီဆုကြေးချီးမြှင့်သွားမည်ဟုအောင်ဘာလေသိန်းဆုဌာနခွဲကထုတ်ပြန်သည်

NUGအစိုးရကရောင်းချတဲ့ထီလက်မှက်ကိုဝယ်ယူသူတွေစိတ်ဝင်စားမှုရှိလာပြီးနောက်ပိုင်းမှာစစ်ကောင်စီဘက်ကအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်

ထီထိုးသူများနည်းပါးလာတဲ့အတွက်၂၉ကြိမ်မြောက်ကျပ်၁၀၀၀တန်အောင်ဘာလေထီသိန်းဆုဖွင့်ပွဲကိုသြဂုတ်လ၁ရက်နေ့ မနက်ကပြုလုပ်ရာမှာအမြင့်ဆုံးဆုကျပ်သိန်းငါးထောင်ဆုတစ်ဆုသ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်

စစ်ကောင်စီက အောင်ဘာလေထီကို ဆုကြေးတိုးပေးလည်း ကျွန်တော်တို့က လုံးဝထိုးမှာမဟုတ်ဘူး အာဏာ မသိမ်းခင်ကတော့ အိမ်မှာထီလာရောင်းတဲ့လူဆီကနေ ပုံမှန်လစဉ်ထိုးတယ်။ အာဏာသိမ်းပြီးကတည်းက ထီရောင်းတဲလူကို ခင်ဗျားလည်း မလာနဲ့၊ ကျုပ်လည်းမထိုးဘူး ပြောထားတယ်

အခုလည်း စစ်ကောင်စီထီကတော့ အလကားပေးတောင် မယူဘူး။ NUG အစိုးရရဲ့ နွေဦးထီပဲ ထိုးဖို့စိတ်ဝင်စားတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးကပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူအများစုက အာဏာသိမ်းစစ်ကောင်စီ အခွန်မရစေရန်အတွက် ထီမထိုးဘဲ သပိတ်မှောက်ကြသဖြင့် ထီလက်မှတ်ရောင်းအား ဆိုးရွားစွာကျဆင်းခဲ့သလို ထီဖွင့်ပွဲများကိုလည်း စစ်ကောင်စီက နောက်ဆုတ်၍ကျင်းပရခြင်း၊ ထီဆုကြေးကို ကျပ်သိန်း ၁ သောင်းမှ ကျပ်သိန်း ၅ ထောင်သို့ လျှော့ချခဲ့ရခြင်းများ ပြုလုပ်ခဲ့ရသည်

သြဂုတ်လ ၁၅ ရက်ေန႔တွင် NUG အစိုးရက ေအာင်လံလွွင့်ၿခီ နှေဦးထီ”စတငျရောငျးခခြဲ့ရာ ပွညျသူမြား ဝိုငျးဝနျးအားပေးသညျ့အတှကျ ထီရောငျးခြိနျနာရီပိုငျးအတှငျး ထီလကျမှတျအျောဒါမြား ရောငျးကုနျသှားသညျ့ အခွအေနမြေား ဖြဈေပါ်နေကြောင်း သိရသၫ်

Add a Comment

Your email address will not be published. Required fields are marked *