ကိုးရီးယားမလေး လို ချစ် ဖို့ ကောင်းနေ ပြီး ပုရိသတွေ စွဲမက်ဖွယ် အလှ ပုံရိပ်လေးတွေ ကို ပြသလိုက် တဲ့ နွယ်ဒါလီထွန်း
|မတ်မတ်နွယ်လို့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မင်းသမီး နွယ်ဒါလီထွန်းကိုသိကြမယ်ထင်ပါတယ်နော်သဘောကောင်းသူဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအား ပေးလျက် ရှိတာဖြစ်ပါတယ် ခန္ဓာကိုယ် အချိုးအစားဟာ အပြစ်ပြော စရာမရှိအောင် ညီညာလှပတာဖြစ်ပြီး ကိုးရီးယား မင်းသမီးတစ်ယောက်လို အသားအရေ ဖြူဝင်းချောမွတ်တာကို ပရိသတ်တို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာပါ။
သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေ ရိုက်ကူးလေ့ ရှိပြီး၊ mtv သီချင်းအမိုက်စားတွေကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်Team 143 ရဲ့ “မတ်မတ်” သီချင်းမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို.အသဲကွဲသာဓု” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နိုင်ငံကျော် မင်းသားတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်..။ ထိုဇာတ်ကားကြီးဟာ ဆိုရင်တော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ️ပြေတီဦး၊ ဇေရဲထက်နဲ့ နွယ်ဒါလီထွန်း တို့အပြင် အခြားအနုပညာရှင်ပေါင်းများစွာတို့ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။
နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း “လက်သည်းက အသက်” ဆိုတဲ့ status လေးနဲ့တကွ ပုရိသတွေစွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်
crd