မကြာခင်မှာ ကလေးအဖေနေရာ ကို ရောက်ရှိတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို သက်သေနှင့်တကွ ပြသလိုက်တဲ့ သူထူးစံ
|သရုပ်ဆောင် သူထူးစံကတော့ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူကတော့ social media များ သိပ်အသုံးပြုလေ့မရှိပေမယ့် ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်အောင် Facebook အကောင့်တစ်ခု ဖွင့်ထားပြီး လှုပ်ရှားမှုတစ်ချို့ကို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူထူးစံရဲ့ လူမှုကွန်ယက်တွင် သူ့အတွက် သတင်းကောင်းလေးတစ်ခုကို ပရိသတ်တွေအား ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။
ဒါကတော့ မကြာခင်မှာ ကလေးအဖေနေရာကို ရောက်ရှိတော့မှာ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို အသိပေး ပြောပြ လာခဲ့တာ ဖြစ်ပါတယ်။ သူထူးစံဟာ ဇနီးဖြစ်သူရဲ့ ဆေးစစ်ချက် ရလာဒ်အဖြေကိုပါ တစ်ပါတည်း ပြသလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရင်သွေးလေးရရှိတော့မှာမို့ အပျော်ကြီးပျော်နေတဲ့ သူထူးစံအတွက် ဝမ်းသာကြည်နူးနေကြတာ ဖြစ်ပါတယ်။
ပထမဆုံးရင်သွေးလေးရရှိသွားပြီဖြစ်တဲ့ သူထူးစံအတွက် ဝမ်းသာဂုဏ်ယူကြောင်းနဲ့ ဇနီးဖြစ်သူကို ဒီကာလမှာအထူးဂရုစိုက်ဖို့ သူ့ရဲ့ ပို့စ်အောက်တွင် ပရိသတ်များမှ comment များ ရေးသားပြီး မှာနေကြတာကို မြင်တွေ့ရပါတယ်။ သားသားမီးမီးတွေနဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးရင်းမသိသေးတဲ့ ပရိသတ်တွေအတွက် သူထူးစံရဲ့ သတင်းကောင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Thu Htoo San’s Facebook Account