မွေးနေ့မှာ သားဖြစ်သူရဲ့ ပရိသတ်တွေကြောင့် အကြီးမားဆုံး အမှတ်တရတွေ ဖြစ်သွားခဲ့ရတဲ့ အဆိုတော်ရေမွန် ရဲ့ မိခင်
|ဆုံးပါးသွားပြီဖြစ်တဲ့အဆိုတော်ရေမွန်ရဲ့မိခင်ဟာ သားဖြစ်သူ မရှိတော့တဲ့သူမရဲ့မွေးနေ့ကို အရင်လိုပဲရိုးရိုးရှင်းရှင်းလေးဖြတ်သန်းခဲ့ပေမယ့် ရေမွန့်ကိုချစ်ခင်ကြတဲ့ပရိသတ်တွေက ရေမွန့်ကိုယ်စား မိခင်ဖြစ်သူကိုပိုဂရုစိုက်ပြီး အမှတ်တရလက်ဆောင်တွေအများကြီး ပို့ပေးခဲ့ကြတာကြောင့် သူမအနေနဲ့အရမ်းကိုအံ့သြပြီး ပျော်ရွှင်ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ဂီတပညာရှင်တစ်ယောက်ရဲ့ ဖန်တီးမှုအနုပညာတွေကြောင့် ခံစားချက်တွေ လွင့်မျောခဲ့ဖူးတဲ့ ပရိသတ်တွေဟာ သူတို့သဘောကျခဲ့တဲ့ဖန်တီးသူမရှိတော့ပေမယ့်လည်း သူရဲ့ဖန်တီးမှုတွေ ထဲမှာ ဆက်လက်လွင့်မျောနေဆဲပါပဲ။
ရေမွန့်ရဲ့သီချင်းအသစ်တွေကိုထပ်ပြီးခံစားခွင့်မရတော့ပေမယ့် ဒီလိုပညာရှင် တစ်ယောက်ကို မွေးထုတ်ပေးခဲ့တဲ့ မိခင်ဖြစ်သူကိုတော့ ဂရုတစိုက်နဲ့နွေးထွေးမှုတွေပို့ပေးခဲ့ကြတာ တကယ်ကို ကြည်နူးစရာပါ။ ရေမွန်ရဲ့မိခင်ဖြစ်သူဟာလည်း အခုလိုလက်ဆောင်တွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ နောက်နှစ်မွေးနေ့တွေမှာတော့ သူမကိုလက်ဆောင်ပေးမယ့် အစား လိုအပ်တဲ့နေရာတစ်ခုခုကို လှူဒါန်းလိုက်ဖို့သာ တိုက်တွန်းပေးခဲ့ပါတယ်။
အစားအသောက်တွေနဲ့ အသုံးအဆောင်တွေကို မွေးနေ့လက်ဆောင် အဖြစ်ပို့ပေးကြပြီး သူတို့ရဲ့ရင်ထဲက မေတ္တာစကားလေးတွေကို စာနဲ့ရေးကာပေးလိုက်တဲ့ပုံစံလေးတွေဟာ လက်ခံရရှိသူအတွက်တော့ နွေးထွေးတဲ့မေတ္တာတွေပါပဲ။ ကြည်နူးစရာမွေးနေ့လက်ဆောင်နဲ့ အမှတ်တရစာလေးတွေကို သူမရဲ့လူမှုကွန်ယက်မှာဝေမျှပြီး ကျေးဇူးတင် စကားပြောခဲ့ပါသေးတယ်။
Khin Myat Mon’s FB Acc