တိမ်းရှောင်နေစဉ်မှာပဲ စိတ်ပူနေရတဲ့ ဖွေးဖွေး ရဲ့ကျန်းမာရေးအခြေအနေ
|အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်ရရှိခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးချောလေးဖွေးဖွေးဟာဆိုရင် အောင်မြင်မှုတွေနဲ့အနုပညာလမ်းကြောင်းမှာ အောင်မြင်လာခဲ့တာ ယနေ့ထိတိုင်ပါပဲနော်။အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း ဖွေးဖွေးကပြည်သူလူထုနဲ့
တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်.။အဲ့ဒီလို လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့ဝရမ်းခံခဲ့ရတာလည်းဖြစ်ပါတယ်နော်။ထွက်ပြေးတိမ်ရှောင်စဉ်ကာလမှာဖွေးဖွေးရဲ့အဖွားဖြစ်သူလည်းကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဖွေးဖွေးရဲ့အဖွားကွယ်လွန်သွားတာ အကြာသေးခင်မွာပဲ ဖွေးဖွေးရဲ့ဖခင် ဦး
ကြော်ကြော်ဝင်း(ခ) ဦးမောင်ဦးသည်သြဂုတ်လ (၁၉)ရက်နေ့ ညပိုင်း ပန်းလွိုင်းဆေးရုံမွာ ကိုဗစ်ရောဂါဖြင့်ကွယ်လွန်သွားကြောင်း သိရွိရတာပဲဖြစ်ပါတယ်။ဖွေးဖွေးဟာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် အနားမွာမရွိနိုင်တာကြောင့် ဝတ်မှုန်ရွေရည်က ပန်းလွိုင်းဆေးရုံသို့လိုက်သွားပြီးစီစဉ်ပေးနေတောပဲဖြစ်ပါတယ်
နော်။သူမရဲ ဘဝက အရင်လိုမျိုး ထပ်တူညီတာမျိုး မရှိတော့ဘူး လို့ ဝမ်းနည်းစွာ ရေးတင်လာခဲ့တာပါ..။ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ ဆုံးရှုံးမှုအတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖွေးဖွေးရဲ့ လူမှုကွန်ယက်တွင် ဖခင်ကွယ်လွန်သွားပြီဆို
တဲ့သတင်းကို အခုထိလက်ခံလို့မရသေးကြောင်း ဝမ်းနည်းစွာဖြင့် ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ သူမကို မေတ္တာထားပြီး စာတွေပို့ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ စာတွေကို ဖွင့်ဖတ်လို့ အသင့်မဖြစ်သေးတဲ့အတွက် နားလည်ပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။ဒီအခြေအနေကြီး အခုလို
ဖြစ်လာလိမ့်မယ်လို့ မထင်မှတ်မိတဲ့အတွက် ကြိုတင်မပြင်ဆင်နိုင်ခဲ့တာကိုလည်းဝမ်းနည်းစွာ ရေးသားထားတာ ဖြစ်ပါတယ်။ ဖခင်ရဲ့အကြောင်းကို လက်ခံနိုင်ဖို့ အချိန်တစ်ခုလိုအပ်သေးတယ်လို့လည်း ဖွေးဖွေးမှ ရင်ဖွင့်ပြောပြထားပြီးနောက်ပိုင်းမှာတော့ ကိုဗစ်ရောဂါခံစားနေရကြောင်းကိုဝမ်းနည်းစွာသူမ
ရဲ့FacebookStoryမှာရေးသားဖော်ပြထားပါတယ်၊သရုပ်ဆောင်ဖွေးဖွေးလဲဒီရောဂါကပ်ဆိုးကြီးကနေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့မြန်မာဆယ်လီရပ်ကွက် ပရိတ်သတ်ကြီးလည်း ဆုတောင်းပေးပါအုံးနော်.
Source: Shwe Yee Ko Oo