ထမင်းတစ်နပ် ပဲ စားရ တဲ့ အ ထိ စားဝတ်နေရေးခက်ခဲနေ တဲ့ လူရွှင်တော်ရွှေအိုး

ဇာတ်သဘင်လောကမှာ ရယ်စရာဟာသပြက်လုံးတွေကို အသံတုနဲ့ပုံဖော်တတ်တဲ့ ဝါရင့်လူရွှင်တော်ဦးရွှေအိုးကိုတော့ ပရိသတ်တွေသိရှိကြမှာပါနော်.

လူရွှင်တော်ရွှေအိုးကတော့ နိုင်ငံရေးနဲ့ ကိုဗစ်ကာလဖြစ်နေတဲ့ လက်ရှိအချိန်မှာ အခြေအနေတွေအမျိုးမျိုးကြောင့် စီးပွားရေးကြပ်တည်းနေပြီး စားဝတ်နေရေးခက်ခဲနေတယ်လို့ သိရပါတယ်.

ရောင်းစရာပေါင်စရာတွေလည်း ကုန်သလောက်ဖြစ်ကာ ထမင်းတစ်နပ်ပဲ စားနေရတဲ့အထိ စားဝတ်နေရေးခက်ခဲနေတာကြောင့် လူရွှင်တော်မိုးစက်က အိမ်တိုင်ရာရောက် အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

လူရွှင်တော်မိုးစက်ကတော့ အလှူငွေတွေသွားရောက်ကူညီခဲ့ရင်း ဦးရွှေအိုးရဲ့လက်ရှိအခြေအနေတွေကိုလည်း အသိပေးဝေမျှထားသလို တိုက်ရိုက်လှူဒါန်းလိုသူတွေအတွက်လည်း ဦးရွှေအိုးရဲ့လိပ်စာတွေကို ပြောပြထားပါသေးတယ်

“လူရွှင်တော်ကြီးဦးရွှေအိုးကို

၅၀၀၀၀ ကျပ် လှူဒါန်းပေးခဲ့ပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီမနက် ပစ္စည်းပို့နေရင်း

လူရွှင်တော်ကြီးဦးရွှေအိုးရဲ့ အခက်အခဲကို

မီဒီယာက တင်ထားတာတွေ့တော့

သူငယ်ချင်း မလေးက Metion ခေါ်ပေးတယ်…။

သာကေတ အနော်မာဘက်မှာ ပစ္စည်းပို့ရင်းနဲ့မို့

ဦးရွှေအိုးဆီ ဖုန်းအဆက်အသွယ်ရပြီး

ယုဇနဥယျာဉ်ဘက်ကို ဒုန်းစိုင်းဆင်းလာခဲ့တယ်ဗျာ။

တိုက်ခန်းငှားထားတဲ့အပြင်

စားဝတ်နေရေးပါ ခက်ခဲ ၊ရောင်းစရာ

ပေါင်စရာလဲ ကုန်သလောက်ဖြစ်သွားပြီဆိုတော့ စိတ်တော့မကောင်းပါဘူးဗျာ…။

နာမည်ကြီးအနုပညာရှင်ကြီးတွေ

ဒီလိုမြင်တွေ့နေရတော့ တကယ်ရင်ထဲ

မကောင်းတာပါ…။

ကျွန်တော် ကိုရဲမိုးသဘင်မှာ ကတော့

အော်ပရာတွေကို သေချာသင်ပြပေးတဲ့

ဆရာတစ်ဆူပါဘဲ ။🙏🙏🙏

ငွေလွှဲကူညီလှူဒါန်းချင်သူများကတော့

ကျွန်တော့် Messenger မှာ

လာရောက်ဆက်သွယ်နိုင်ပါတယ်

တိုက်ရိုက်ဆက်သွယ်လှူဒါန်းချင်သူများကတော့

အခန်း( 003) ၊ တိုက်ခန်း ၂၇ ၊

အပိုင်း ၁ ၊ကံ့ကော်လမ်းသွယ်၊

ယုဇနဥယျာဉ်မြို့တော်သို့…

တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။..” ဆိုပြီး လူရွှင်တော်မိုးစက်က ပြောပြထားတာ ဖြစ်ပါတယ်.

သက်ကြီးအနုပညာရှင်တွေအပြင် အခုကာလမှာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း ကူညီလှူဒါန်းနေတဲ့ လူရွှင်တော်မိုးစက်ကို အားလုံးက ချီးကျူးအားပေးနေကြတာလည်း ဖြစ်ပါတယ်..။

Add a Comment

Your email address will not be published. Required fields are marked *