ပန်းနုရောင် ဖက်ရှင်လေး နဲ့ အသည်းယားစရာ ကောင်းလွန်းနေတဲ့ မေမြင့်မိုရ် ရဲ့ video လေး
|ယနေ့မှာလည်း မေမြင့်မိုရ်က ပုပ္ပါးမြို့ ရဲ့ အလှအပတွေကို နောက်ခံထားတာရိုက်ကူးထားတဲ့ ပုံလေးတွေ အပြင် ” စိတ်ကူးတွေထဲမှာ မင်းပဲ ရှိတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေး လိုက် ပါတယ်နော်… ။ ကဲပရိသတ်တွေကလည်း မေမြင့်မိုရ်ရဲ့ အလှလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက် ပါနဲ့နော်…. ။
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ ယခုလက်ရှိမှာ ပုပ္ပါးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သာ ယာလှပတဲ့ ပုပ္ပါးမြို့ရဲ့ ရှုခင်းတွေ ကို နောက်ခံထားကာ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ပရိသတ်တွေ ဆီကို ဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။
မေမြင့်မိုရ်က ဖြူဖွေးနုဖတ်ပြီး ကြည်လင် လှတဲ့ သူမရဲ့ အသားအရည်ကိုပိုမိုပေါ်လွင်ပြီး လိုက်ဖက်ညီတဲ့ ပန်းနုရောင် ဖက်ရှင် အလန်းစား လေးကို ဝတ်ဆင်ထားတာဖြစ်လို့ ကြည့်မိသူတိုင်း အသည်းယားအချစ်ပိုမိစေမှာ အသေအချာပါပဲနော်။ မေမြင့်မိုရ်က မကြာခဏဆိုသလို သူမ အားလပ်တဲ့ အချိန်လေးတွေမှာ ပြည်တွင်းခရီးစဉ်တွေ သွားရောက်လည်ပတ်လေ့ရှိပြီး အလှပုံရိပ်လေးတွေ ကို ဝေမျှပေးလေ့ရှိသူပါ။
Source & Photo credit – May Myint Mo’s FB account