လူထွက်ပြီး မိန်းမယူကျတဲ့ ဦးဇင်းတွေအပေါ် မှတ်ချတ်ပေးတဲ့ ဘုန်းကြီး ကို ပညာပြလိုက်တဲ့ ကပ္ပိယကြီးရဲ့ အဖြစ်

လူထွက်ပြီး မိန်းမယူကျတဲ့ ဦးဇင်းတွေအပေါ် မှတ်ချတ်ပေးတဲ့ ဘုန်းကြီးကို ပညာပြလိုက်တဲ့ ကပ္ပိယကြီးရဲ့အဖြစ်

“ဟဲ့…ကပ္ပိယကြီး”

“ဘုရား”

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဘုန်းကြီး‌ရဲ့ ခက်ခက်ခဲခဲ မွေးလာရတဲ့ တပည့်ရဟန်းလေးတွေ နှစ်ပါးလုံး လူထွက်ပြီး မိန်းမရသွားကြပြီကွဲ့

“မှန်ပါ့ဘုရား”

အဲဒါက ထားပါ ဘယ်သူမှ တစ်သက်လုံး ဝတ်ပါ့မယ်ဆိုပြီး စာချုပ်နဲ့ စာတမ်းနဲ့ ဝတ်ကြတာ မဟုတ်လေတော့ နှမျောပေမဲ့ နားလည်ပေးလို့ရပါတယ်

ဘဝင်မကျတာက သူတို့ရတဲ့မိန်းမတွေပဲ၊ လူထွက်တစ်‌ယောက်က တစ်ခုလပ်မနဲ့ရသကွ၊

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နောက်တစ်ယောက် ကျပြန်တော့လည်း မုဆိုးမနဲ့ ရသတဲ့ကွာ

ဒို့ဘုန်းကြီး လူထွက်တွေများ ညားလိုက်တိုင်း သူများအကျန် ဂျို (ချို)ကျိုးနားရွက်ပဲ့တွေ ချည်းပါလားကွာ”

“မှန်ပါ ဒါဟာ …ကာလဝိပါက် နောက်ပိုးတက်တာပါဘုရား ရှင်းရှင်းပြောရရင် ဝဋ်လိုက်တာပေါ့ဘုရာ့”

“ဟေ..ဘာဆိုင်လို့တုန်း အဆန်းပါလား ကပ္ပိယကြီးရဲ့ လင်းစမ်းပါဦး”

“ဘုန်းကြီးပဲ စဉ်းစားကြည့်လေ ဘုန်းကြီးဘဝတုန်းက ဦးဦးဖျားဖျား ဘုဉ်းပေးပြီး မကုန်လို့ကျန်တာရယ် မစားချင်လို့ကျန်တာရယ်

စားကြွင်းစားကျန်ရယ်ပဲ သူများတွေကို ချကျွေးတာလေဘုရား

ကိုယ့်အလှည့်ကျလဲ သူများမစားချင်လို ကျန်တာရယ်၊ စားမကုန်လို့ကျန်တာရယ်၊

စားကြွင်းကျန်ကြတဲ့ဟာတွေလို့ ပြောရမယ့် မုဆိုးမတို့ ၊ တစ်ခုလပ်တို့နဲ့ ညားကြတာဟာ အဲဒါ ဝဋ်လည်တာပေါ့ ဘုရား”

“ဂလွမ်း”

ဘုန်ကြီးက ကပ္ပိယအား ထွေးခံနဲ့ ကောက်ပေါက်လိုက်သည်။

😜😝😛

အားလုံးပဲ ဘဝအမောတွေပြေကြပါစေ။

အရှင်တေဇ(ပုလဲ)၏ postကိုပြင်ဆင်ရေးသားကာ မျှဝေပါ၏မေတ္တာဖြင့်။

Ashin Thu Mingala – Credit

Add a Comment

Your email address will not be published. Required fields are marked *