ညောင်းညာကိုက်ခဲနေတဲ့ သူမကို အလိုက်တသိ နဲ့နှိပ်ပေးနေတဲ့ လိမ္မာလွန်းတဲ့ တူမချောလေးကို ထုတ်ကြွားလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင်သင်ဇာဝင့်ကျော် ကတော့ အမိုက်စားခန္ဓာကိုယ် နဲ့အတူ အပီပြင်ဆုံး သရုပ်ဆောင်ချက် တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီးပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ကတော့ ချောမောလှပပြီး စိတ်ထားကောင်းတဲ့ အပြင် အလှူအတန်းတွေမှာလဲ ရက်ရက်ရောရောရှိသူ တစ်ဦးလဲဖြစ်ပါတယ်၊ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ပရိတ်သတ်တွေနဲ့မကြာခဏ ဆိုသလိုကုသိုလ်ကောင်းမှုတွေလုပ်လေ့ရှိပါတယ်။

သင်ဇာဝင့်ကျော်က တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပါဝင်ပြီးလူထုလှုပ်ရှားမှုတွေမှာလဲ အားတက်သရောပါဝင်ခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ကသူမရဲ့တူ၊တူမလေးများနဲ့ပျော်ရွှင်စေနေထိုင်ဖြတ်သန်းသွား လာပုံကိုလဲမကြာခဏဆိုသလို သူမရဲ့လူမှုကွန်ယက်ထက်မှာဖော်ပြလေ့ ရှိပါတယ်၊အခုတစ်ခါမှာဆိုရင်လဲသရုပ်ဆောင် သင်ဇာဝင့်ကျော်က တူမအလိမ်မာလေးကိုထုတ်ကြွားလိုက်တာပဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကညောင်းလို့နှိပ်ပေးနေတာတဲ့ အလိမ္မာတုံးလေးဆိုပြီးတော့လဲသူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာပုံနှင့်တကွ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit

Add a Comment

Your email address will not be published. Required fields are marked *