ကားနဲ့ဖုန်းကို ထပ်တောင်းလာတဲ့ ရေမွန်ရည်းစားရဲ့ ကျော်မကောင်းကြားမကောင်း ဇာတ်စုံကို ထပ်မံ ဖွင့်ချလာခဲ့တဲ့ ရေမွန် မိခင်

အဆိုတော် ရေမွန်ဟာ ဇွန်လ (၂၃) ရက်နေ့တွင် အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရတဲ့အတွက် ရေမွန့်ကို ချစ်ခင်ကြသူများအားလုံးက ဝမ်းနည်းပူဆွေးခဲ့ကြရတာ ဖြစ်ပါတယ်။ သူ့ရဲ့မိခင်ကလည်း အားကိုးရလွန်းပြီး မိဘအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ပြောမပြတတ်အောင်ကို ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ရေမွန်ကွယ်လွန်သွားတာ (၂) လပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ခွဲခွာသွားတာမကြာသေးပေမယ့်အားလုံးက အခုချိန်ထိသူ့ကို လွမ်းဆွတ်သတိရနေကြဆဲ ဖြစ်ပါတယ်။

June လ 22 ရက်နေ့ လက်ဖျံမှာနှင်းဆီပန်းပွင့်လေး Tattoo ထိုးပြီးတွတ်ပီကိုတက်ခေါ်ရင်း Suprise လုပ်ဖို့ကြံခဲ့တာ သူက 23 ဆုံးတော့ မပြလိုက်ရဘူး.ခု (2 ) လပြည့်တဲ့နေ့ မှတ်မှတ်ရရသူ့ အတွက် Tattoo ထပ်ထိုးခဲ့တယ်.ဘဝမှာကိုယ့်ကိုယ်ပေါ် တက်တူးထိုးဖြစ်မယ်(အထူးသဖြင့် ဒီအသက်အရွယ်မှာ) တစ်ခါမှထင်မ ထားခဲ့ဘူး.ခုတော့လဲ သူ့အကြောင်းပြုပြီးထိုးဖြစ်ပြီ.နောင်..

ထပ်မံထိုးဖြစ်မဲ့တက်တူးတိုင်းဂာလဲတွတ်ပီနဲ့ဘဲ ပတ်သက်မယ်.အမေ့တက်တူးကသာ သူနဲ့ပတ်သက်တာ.အမေနဲ့ပတ်သက်တဲ့တက်တူး သူ့မှာတစ်ခုတောင်မရှိခဲ့တာ ရင်နာစရာ. (K) တဲ့.အဖေ့သွေးအပြည့်ပါတော့သူတို့ဘဝတွေမှာ အရေးပါခဲ့တဲ့ သူရဲ့ အမည်နာမကို တက်တူးထိုးဖို့မစဉ်စားခဲ့ကြဘူး.တွတ်ပီလဲ ကိုယ့်အပေါ်တစ်ချိန်လုံးနိုင်စားခဲ့တဲ့၊ ကိုယ်တိုင်ကဘာမှမဟုတ်ဘဲနိုင်ငံကျော် Cele ကြီးအပေါ် အမြမောက်မာဂုဏ်ဆာခဲ့တဲ့၊ရီးစားနဲ့ပြသနာတက်တိုင်းနောက်တစ်ယောက်နဲ့ချိန်းပြီးသွားအိပ်တတ်တဲ့

၊ခေတ်ဆန်ရုံမက ခေတ်ရှေ့အပြေးလွန်နေတဲ့၊ယူ့အကိုကို တို့ကလက်ထပ်ဖို့အစီအစဉ်မရှိဘူး- အပျော်တွဲတာလို့ မိန်းမသိက်ခါတပြားမှမရှိ- အရှက်မရှိပြောထွက်ခဲ့တဲ့၊အချင်းချင်းပြသနာတက် စကားများတိုင်းမဆီမဆိုင် အိမ်ကအမေနဲ့နှမကိုဆွဲထည့်ပြီးမအေ–ိုး၊နှမ –ိုးလို့ ဆဲရေးတတ်တဲ့ ၊သေဆုံးသွားသူကိုမှ မညှာမတာ လူသိရှင်ကြားအကြွေး ၃သိန်းတောင်းခဲ့ပြီးလူမ သိသူမသိ တိတ်တိတ်လေး(ကိုကိုက ဘေဘီ့ကို ကိုကို့ရဲ့ကားနဲ့i ဖုံးပေးခဲ့လို့ယူလိုက်မယ်) လို့မျက်နှာပြောင်ပြောင်လောဘတက်တောင်းခဲ့တဲ့(တွတ်ပီကဘဲ သူသေတော့မှာ ကြိုသိလို့ ပေးခဲ့သလိုလို)

၊ဘေဘီဟိုကိုလိုက်လာရင် ဘာမှမလုပ်တတ်ဘူး၊ဟင်းမချက်တတ်၊အဝတ်မလျှော်တတ်ဘူး၊ဒီတော့ ဘေဘီ့ အတွင်းခံဘောင်းဘီတွေ ကိုကိုလျှော်ပေးမှာလားလို့ မိုက်မိုက်ရိုင်းရိုင်း စော်ကားခဲ့တဲ့ ၊ကိုယ့်ရည်းစားဆုံးကြောင်းသိချိန် ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်(ဟိုကို driver ခေါ်ပြီးတက်လိုက်ခဲ့မယ်၊ dead body ရန်ကုန်ပြန်သယ်ချင်လား ? အားလုံးစီစဉ်ပေးမယ်)ပြောပြီး ကြက်ပျောက်ငှက်ပျောက်ပျောက်သွား၊ပရိသတ် ဖက်လှည့် attentionယူ၊မျက်ရည်ခြူပြီး မကြာခင်Club တွေ bar တွေမှာ တရုံးရုံးနဲ့ပျော်တော်ဆက်နေတဲ့ အပေါစားမ ရဲ့နံမည်ကိုမှ

မင်းကိုယ်ပေါ်မှာ သေရာပါမှတ်တမ်းတင် ကဗျည်းထိုးရသတဲ့လား..? ရင်နာလိုက်ပါဘိ ! နှမြောလိုက်ပါဘိတွတ်ပီရေ. .အကယ်၍ (K) ဟာ မင်းကိုအရမ်းချစ်ပြီးတစ်နေ့မှမေ့မရဘဲ နေ့စဉ် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတဲ့ အမေ့ကိုရည်ညွှန်းတာသာဖြစ်ခဲ့ရင် အလွနကျက်သရေမင်ဂလာနဲ့ပြည့်စုံပြီး တန်ဖိုးအနဂ်ဂ ရှိမှာဘဲ.ငါ့သားသူတော်ကောင်းလေး တွတ်ပီ ဘဝဆက်တိုင်း၊အဖေဆိုး၊ရီးစားဆိုး(အရှုပ်ထုတ်မ၊အပေါစားမ၊ကလေကချေမ၊ကလိမ်ကကျစ်မ)တွေနဲ့ ကင်းဝေးပါစေ.

.ကြိတ်မှိတ်ပြီး အောင့်အည်း၊စောင့်စည်းခဲ့ရတာ နှစ်လရှိပါပြီ.ဒီနေ့တော့တိုက်ဆိုင်မှုတွေရှိလို့ ထိုက်တန်တဲ့ပေါက်ကွဲခြင်းများအားချစ်ခင်ရသော.စာနာတရားရှိတဲ့အပေါင်းအသင်း၊ပရိတ်သတ်ကြီးများနားလည်ပေးကြပါကုန် . . .I will never forgetN Always Love U. .Tut P.

Source: Khin Myat Mon

crd-celeworld

Add a Comment

Your email address will not be published. Required fields are marked *