မုဒုံမြို့က အောက်ဆီဂျင် လိုအပ်နေ တဲ့ ပြည် သူတွေ ကို အခမဲ့မျှဝေပေး ဖို့ အောက်ဆီဂျင် များ လှူဒါန်းပေး ခဲ့ တဲ့ နန္ဒာလှိုင်တို့ မိသားစု
|မြန်မာပြည်သူတွေကတော့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကို အလူးအလဲ ခံစားခဲ့ရပြီး အောက်ဆီဂျင်မရတဲ့ ပြဿနာ တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အောက်ဆီဂျင် အလွယ်တကူမရတဲ့ အတွက်ကြောင့် လူအများအပြားလည်း သေဆုံးခဲ့ရတာကို စိတ်မကောင်း စွာ တွေ့မြင်ကြားသိရပါတယ်။ ယခုနောက်ပိုင်းမှာတော့ ပြည်သူတွေ အောက်ဆီဂျင် အလွယ်တကူရဖို့ အလှူရှင်များက စက်ရုံတွေ တည် ဆော က် ပြီး အခမဲ့ မျှဝေလှူဒါန်းလာခဲ့ကြပါတယ်။
လတ်တလောမှာလည်း အောက်ဆီဂျင်လိုအပ်နေကြတဲ့ အရေးပေါ်လူနာများအတွက် သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုက အောက်ဆီ ဂျင် စက်များ အခမဲ့ ငှားရမ်းပေးခဲ့တဲ့အပြင် အောက်ဆီဂျင် အလွယ်တကူ ဖြည့်တင်းနိုင်အောင် အောက်ဆီဂျင် စက်ရုံတည်ဆောက်လာခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ နန္ဒာလှိုင်တို့ မိသားစုရဲ့ အောက်ဆီဂျင်စက်ရုံဟာ စတင်လည်ပတ်နေပြီး လိုအပ်နေတဲ့ ပြည်သူတွေနဲ့ လူမှု ရေး ပရဟိတအသင်းတွေကို မျှဝေလှူဒါန်းနေပြီ ဖြစ်ပါတယ်။
ယခုမှာလည်း နန္ဒာလှိုင်တို့ မိသားစုဟာ မုဒုံမြို့က လူမူကယ်ဆယ်ရေးအဖွဲ့ နှင့် ဇီဝိတအလင်းဖောင်းဒေးရှင်းအဖွဲ့ ကို အောက်စီဂျင် 40 လီ တာအိုး (20)လုံးစာအတွက် အောက်ဆီဂျင်များ ဖြည့်တင်း လှူဒါန်းပေးခဲ့ပါတယ်။ အောက်ဆီဂျင် လိုအပ်သော လူနာများအတွက် အောက် ဆီဂျင် အခမဲ့ ပေးဝေးလှူဒါန်းပေးတဲ့ ကောင်းမှုကုသိုလ်ကတော့ တကယ့်ကို ကြည်နူးပီတိ ဖြစ်ရပါတယ်။ ပရိသတ်တွေလည်း အောက်ဆီ ဂျင် အလှူပြုလုပ်လှူဒါန်းပေးခဲ့တဲ့ နန္ဒာလှိုင်တို့ မိသားစုကို ဒီထက်မက လှူဒါန်းနိုင်အောင် ဆုတောင်းမေတ္တာတွေ ပို့သပေးလိုက်ပါဦးနော်
သတင်းအရင်းမြစ်: Source – MERT