ဝိုင်ခွက်လေး ကို ကိုင်ကာ မခို့တရို့ အပြုံးလေးတွေ နဲ့ ရှက်သွေးဖြာ နေတဲ့ အလှမယ် ရွှေအိမ်စည်

ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ အလှမယ် တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာ ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။ ရွှေအိမ်စည်က လက်ရှိမှာဆိုရင် အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့မေတ္တာကို ခံယူထားတဲ့ ပြည်သူ ချစ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်နော်။

ရွှေအိမ်စည်က လတ်တလောမှာတော့ အနုပညာအလုပ်တွေ ကိုလည်း ဖြည်းဖြည်း မှန်မှန်လုပ်ဆောင်နေပြီး photo shooting တွေကို ရိုက်ကူးနေတာပါ။ ရွှေအိမ်စည်ကလူငယ်ပီပီ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားရှိပြီး ကိုယ့်အားကိုယ်ကိုးကာ ကြိုးစားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေအိမ်စည်ရဲ့ အလှအပတွေဟာဆိုရင်လည်း အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အဆင်းနဲ့အချင်း ပြည့်စုံတယ် ဆိုတာ ထင်ရှားပါတယ်နော်။

သူမရဲ့ အလှအပတွေကို ပရိသတ်တွေ ကို အမြဲ ချပြလေ့ ရှိတဲ့ အိမ်စည်ဟာဆိုရင် ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာ ပြန်ပါတယ်။ ဒါကတော့ အိမ်စည်က ဝိုင်ခွက်လေးကို ကိုင်ကာ ” Have a glass of wine with me? I’ll guarantee you all the fun ” ဆိုတဲ့ စာသားလေးအပြင် မခို့ တရို့ အပြုံးလေးတွေနဲ့ ရှက်သွေးဖြာနေတဲ့ ပုံအလန်းလေးတွေကို တင်ပေးလာတာကြောင့် ပြန်လည်ဝေမျှပေး လိုက်ပါတယ်နော်….။

Source & Photo credit – Shwe Eain Si’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *