သရုပ်ဆောင် တေးသံရှင် ချစ်သုဝေ ၏ ဖခင် ဦးဇော်ဝင်း(Metal Zone)ကွယ်လွန်

သရုပ်ဆောင် တေးသံရှင် ချစ်သုဝေရဲ့ဖခင်ဖြစ်တဲ့ ဦးဇော်ဝင်း(Metal Zone)ဟာ ဒီကနေ့ မနက်ပိုင်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရှိရပါတယ်။

ဦးဇော်ဝင်းဟာ Metal Zone စတူဒီယိုကို စတင်တည်ထောင်သူဖြစ်ပြီး သူကွယ်လွန်သွားတဲ့သတင်းကို ကြားသိလိုက်ရအပြီးမှာ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးက အရမ်းကို နှမျောစရာကောင်းပြီး အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုကြီးတစ်ခုလို့ ဝမ်းနည်းစကားပြောကြားသွားခဲ့ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

တေးရေးတေးဆို လင်းလင်းရဲ့ယောက္ခမတော်စပ်ပြီး ခေတ်နဲ့သစ်တို့ရဲ့အဖိုးဖြစ်တဲ့ ဦးဇော်ဝင်းဟာ ပန်းချီရေးဆွဲရတာကို နှစ်ခြိုက်ခုံမင်သူဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံကို ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်နဲ့ပတ်သက်လို့လည်း ဦးဇော်ဝင်းကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ရှိခဲ့ဖူးပါတယ်။

သရုပ်ဆောင်ချစ်သုဝေရဲ့ ဖခင်ဖြစ်သူ ဦးဇော်ဝင်းဟာ ယနေ့နံ့နက် ၃နာရီအချိန်ခန့်က ကွယ်လွန်သွားခဲ့ပြီဖြစ် ကြောင်း သိရပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဦးဇော်ဝင်းကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး အနုပညာရှင်များကလည်း ဝမ်းနည်းစိတ်မကောင်းကြောင်းတွေ တင်ပြီး ဆုတောင်းပေးထားကြပါတယ်။

## အဆိုတော် သရုပ်ဆောင်”ချစ်သုဝေ”ရဲ့ဖခင် ဂီတသမား၊ ပန်းချီ ဆရာကြီး ဦးဇော်ဝင်း ဟာ ယနေ့ ဩဂုတ်လ ၂၃ ရက်မှာ COVID ကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း စိတ်မကောင်းစွာ သိရှိရပါတယ် ။

မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

Credit

Add a Comment

Your email address will not be published. Required fields are marked *