အစ်ကို ဖြစ်သူ ရေမွန်ရဲ့ (၂) လပြည့်နေ့မှာ သေရာ ပါ မယ့် အမှတ်တရလေး တစ်ခု ဖန်တီး ခဲ့ တဲ့ လပြည့်ကဗျာ

အဆိုတော် ရေမွန် ကွယ်လွန်သွားတာ (၂) ပြည့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ခုအချိန်အထိ ပရိသတ်တွေရော ချစ်ရသူတွေ အားလုံးက မမေ့နိုင်ကြသေးပါဘူး ။

ယနေ့အထိလည်း ရေမွန်နဲ့ ပတ်သက်ပြီး လွမ်းဆွတ် သတိရ ကြောင်းတွေကို အမှတ်တရ ရေးသားဖော်ပြနေကြဆဲပါပဲ ။

ရေမွန်ညီမလေး လပြည့်ကဗျာဆိုရင်လည်း နေ့စဉ်တိုင်း အစ်ကို ဖြစ်သူရဲ့ အမှတ်တရလေးတွေ အငွေ့အသက်လေးတွေကို မမေ့နိုင်သေးလို့ ခံစားချက်တွေ အမြဲရင်ဖွင့်ပြောပြခဲ့ပါတယ် ။

ဒါ့အပြင် ကောင်းမှုကုသိုလ်တွေလည်း ပြုလုပ်ကာ ဆုတောင်းပေးလျက်ရှိပါတယ် ။

အခုလည်း ရေမွန်ရဲ့ (၂) လပြည့် အထိန်းအမှတ် အနေနဲ့ မောင်နှမ နှစ်ယောက်ပုံလေးကို သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်တရ တက်တူးရေးထိုးခဲ့ကြောင်းဝေမျှလာပါတယ် ။

ပရိသတ်ကြီးအတွက် လပြည့်ကဗျာရဲ့ တက်တူး ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Lapyae Gabyar

Add a Comment

Your email address will not be published. Required fields are marked *