ဂေါင်းကြီး တို့ က ဘာတွေ ကျွတ်ကျဲနေတာ လဲ လို့ ဆို လိုက် တဲ့ ပန်ဆယ်လို
|ပန်ဆယ်လိုကတော့… အွန်လိုင်းပေါ်မှာ စစ်ကောင်စီတွေကိုအထိနာအောင်ရေးခြင်းကနေ
လူသိများလာခဲ့သူဖြစ်ပါတယ်။… သူမရဲ့အရေးအသားတွေကြောင့်လည်း
တစ်ဖက်ကမခံမရပ်နိုင်ဖြစ်တာကြောင့် …လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက.. သူမကထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
ဒါပေမဲ့လည်းသူမရဲ့ …ကလောင်သွားထက်မြက်မှုကြောင့် သူမကတော့ အသက်ကငယ်ရွယ်ပြီးထက်မြက်တဲ့မိန်းကလေးဖြစ်တာကြောင့်…
ကိုယ်ပိုင်စီးပွားရေးနဲ့လည်း… ရပ်တည်နိုင်တဲ့အပြင်… သာယာတဲ့မိသားစုဘဝလေးကိုလည်း… ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
အာဏာသိမ်းပြီးကာလတွေမှာတော့ စစ်ကောင်စီ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့… ပန်ဆယ်လိုကတော့…လွတ်မြောက်ရာဖြစ်တဲ့
အမေရိကန်နိုင်ငံကို… သွားရောက်နိုင်ခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့…ပန်ဆယ်လိုကတော့ အပြုံးမပျက်ခဲ့ပါဘူး။
သူမကိုယ်တိုင်လွတ်မြောက်သွားပြီးမကြာခင်မှာပဲ သူမရဲ့မိသားစုတွေပါ အမေရိကန်နိုင်ငံကို ခေါ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း တစ်ဖက်က အထိနာပြီး ဖြစ်တဲ့နည်းနဲ့ဖမ်းမယ်ဆိုပြီးလည်း ကြွေးကြော်ထားထာ ဖြစ်ပါတယ်။
အခုလဲ တပ်မတော်က လှို့ဝှက်စာကို ပန်ဆယ်လိုက သူမရဲ့ အကောင့်မှာ ဖော်ထုတ်လိုက်ပါတယ်
“လျှို့ဝှက်နည်းနဲ့ ပို့လိုက်တာ ဖဘပေါ်ရောက်လာတယ် လျှို့လျှို့ဝှက်ဝှက် ဖတ်ကြ။
ဂေါင်းကြီးတို့က လက်နက်ကြီးတွေကိုင်ပြီး ဘာတွေ ကျွတ်ကျဲနေတာလဲ။”