တော်လှန်ရေးအတွက် အလှူငွေ သိန်း ၅၀၀ ကို ထားထက်ထက် နာရီပိုင်းအတွင်း လက်ခံရရှိ
|လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ သိန်း၅၀၀ ကို သရုပ်ဆောင်ထားထက်ထက်က နာရီပိုင်းအတွင်း အလှူခံနိုင်ခဲ့ပါသည်။
ဩဂုတ်လ ၂၁ ရက်နေ့ ညက အရေးပေါ် လိုအပ်ငွေ သိန်း ၅၀၀ ကို သူမ၏ လူမှုကွန်ရက် စာမျက်နှာမှ အလှူခံပေးရာခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ပြည့်မီသွားတဲ့အတွက် ပါဝင်ကူညီခဲ့သူ အယောက်တိုင်းကို ကျေးဇူးတင်တယ်လို့ သူကရေးသားထားပါတယ်။
အလှူငွေတွေကို သူရောက်ရှိနေတဲ့ စခန်းက ရုံးအဖွဲ့ရဲ့ အကူအညီနဲ့ငွေစာရင်းထဲ ပိတ်မိတာမျိုး မရှိစေဘဲ အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့တယ်လို့လည်း သိရပါသည်။