အရမ်းကိုလှလွန်းတဲ့ မအေးသောင်းရဲ့ မြန်မာဝတ်စုံ ပုံရိပ်များ

အေးဝတ်ရည်သောင်းကတော့ ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးတစ်လတ်ပဲဖြစ်ပါတယ်

ဗီဒီယိုခေတ်တည်းက ဆံပင်ရှည်ကြီးနဲ့ ချစ်ဖို့ကောင်းတဲ့ အေးသောင်းကတော့ အခုချိန်ထိ အလှတရားတွေဟာ ပိုလို့သာ နုပျိုပြီး လှပလာသူလို့ပြောရင်မှားမယ်မထင်ပါဘူးနော်..။

အေးသောင်းကတော့ အနုပညာလောကကနေ ခဏရပ်နားခဲ့ပေမယ့် ပြန်လည်ဝင်ရောက်လာပြီးနောက်ပိုင်းမှာလည်း သူမရဲ့ သ ရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေကို အံ့သြချီးကျူးဖွယ်ဖြစ်စေခဲ့သူလေးပဲဖြစ်ပါတယ်..။

” မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူမရဲ့းသရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက သူမအတွက် အ ကယ်ဒမီမှန်းကြတဲ့အထိ သ ရုပ် ဆောင်ကောင်းခဲ့ပါတယ်…။

အခုချိန်ထိ တစ်ယောက်တည်း Single ဘဝနဲ့ သူမချစ်ရတဲ့ အ နုပညာအလုပ်တွေကို လုပ်ကိုင်နေတာကြောင့် အေးသောင်းတစ်ယောက် အပျိုကြီးဘဝနဲ့ အရိုးထုတ် တော့မှာလားလို့ မေးခွန်းတွေထုတ်ခံနေရပါတယ်..။

အေးသောင်းက‌တော့ အခုချိန်ထိ ချစ်သူတစ်စုံတစ်ယောက်ရှိတယ်လို့ပြောသံမကြားရပေမယ့် အမြဲလိုလို ခံစားနေရတဲ့ ခံစားချက် လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်တတ်ပါတယ်…။

အခုတစ်ခေါက်မှာလည်း “အ ဆိုတော်တဲ့ ချာတိတ်ရေ မမရူးပြီ” ဆိုတဲ့ စာသားလေးကို သူမရဲ့ လူ မှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်…။

အေးသောင်းတစ်ယောက် တ ကယ်ပဲ အဆိုတော်တဲ့ ချာတိတ်တစ်ယောက်ကြောင့် ခံစားနေရပြီထင်ပါတယ်…။

ပရိသတ်ကြီးရော ဘယ်သူလို့ထင်လဲ ..။ အေးသောင်းကတော့ လျှို့ ဝှက်ဆန်စွာ ခံစားချက်တွေကို ဖွင့်ပြောလာပါပြီနော်…။ ဘယ်သူလို့ထင်တဲ့ မှတ်ချက်လေးတွေရေးသွားပါဦးနော်..။

Crd ##sakura

Add a Comment

Your email address will not be published. Required fields are marked *