ခေါင်းကြီးတွေအတွက် သေနတ် ပစ်လေ့ကျင့်နေ တဲ့ ပန်ဆယ်လို ရဲ့ဗီဒီယိုဖိုင်



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပြည်သူအားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေကြသလို အနုပညာရှင်တွေနဲ့ celeအချို့လည်း တက်ကြစွာပါဝင်နေကြတာကို တွေ့ရပါတယ် ။ လူသိများတဲ့ celeတစ်ယောက်ဖြစ်တဲ့ ပန်ဆယ်လိုကလည်း အရေးတော်‌ပုံအောင်နိုင်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေတာဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်….။

အခုလိုဖမ်းဝရမ်းထုတ်ခံထားရပြီး လိုက်လံဖမ်းဆီးမှုတွေကြောင့် ပန်ဆယ်လိုဟာ လက်ရှိမှာဆိုရင် သူမရဲ့လုံခြုံရေးအတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပန်ဆယ်လိုဟာ မြန်မာပြည်တွင်းမှာမရှိတော့ပေမယ့် ပြည်ပကနေ တတ်နိုင်သရွေ့ကူညီအားဖြည့်နေတာဖြစ်ပြီး PDF ရဲဘော်တွေအတွက်လည်း ထောက်ပံ့မှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

ပန်ဆယ်လိုရဲ့ ထိမိလှတဲ့အရေးအသားတွေကလည်း ပြည်သူတွေကြားမှာရေပန်းစားလေ့ရှိပြီး သူမရဲ့ ရပ်တည်ချက်အတိုင်းပြတ်ပြတ်သားသားရေးလေ့ရှိတာလည်း တွေ့ရပါတယ်။ အခုအခါမှာဆိုရင်လည်း ပန်ဆယ်လိုဟာ ပြည်ပမှာရောက်နေပေမယ့် အားလပ်ချန်လေးမှာသေနတ်ပစ် လေ့ကျင့်နေတဲ့ ဗီဒီယိုတစ်ခုတင်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- ပန်ဆယ်လို’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *