လက်ထပ်တော့မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ဖြေရှင်းလာတဲ့ နေတိုး

သရုပ်ဆောင် မင်းသားနေတိုးကတော့ အနုပညာညီအစ်ကို မောင်နှမတွေနဲ့အတူ ဆန္ဒထုတ်ဖော်ပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူတစ်ဉီး ဖြစ်ပါတယ်။

။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ နေတိုးအနေနဲ့ ဝေဖန်ပြောဆိုမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ် ။ Blue Mark ရထားတဲ့ နေတိုးရဲ့ Facebook Page ကလည်းပျက်သွားတာကြောင့်

သူ့အနေနဲ့ ပေ့ခ်ျအသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ် ။တစ်ခါတစ်ရံမှာ နေတိုးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေအတွက်အားပေးစာလေးတွေ ရေးသားပြီး မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ နေတိုးက သူနဲ့ပတ်သက်ပြီး လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို ဖြေရှင်းထားတာ တွေ့ရပါတယ်။ ယခုရက်ပိုင်း လူမှုကွန်ယက်စာမျက်နှာထက်မှာတော့

နေတိုးက.. မကြာခင်မှာပဲ ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေ ပျံ့နှံ့နေတာ ဖြစ်ပါတယ် ။ဒါကြောင့် နေတိုးက အခုလိုအချိန်မျိုးမှာ မဟုတ်မမှန်တဲ့ သတင်းအတုတွေ မတင်ကြပါနဲ့ဆိုပြီး

ပြန်လည်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ် ။ ဒါ့အပြင်နေတိုးက သတင်းမှားတွေမဖြန့်ဖို့ပြောရင်းနဲ့ အနူးအညွတ် တောင်းပန်ပါတယ်ဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်။

သတင်းအမှားတွေ ပျံ့နှံ့နေတဲ့အပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ နေတိုးရဲ့ဖြေရှင်းချက်ကို ပရိသတ်အားလုံး သိရှိနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *