ခက္ခက္ ခဲခဲခ်က္ ျပဳတ္စားေသာက္ေနရ တဲ့ အေျခအေန ကို သိ႐ွိၾကေစ ဖို႔ ပုံႏွင့္တကြ ေဝမွ်ေပးလာတဲ့ ကိုေပါက္..

ဒါ႐ိုက္တာ ကိုေပါက္ကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးတြင္ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ခဲ့တဲ့အတြက္ အာဏာ႐ွင္လူတစ္စုမွ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ အေရးယူ ခံထားရတာ ျဖစ္ပါတယ္။သူကေတာ့အေျခအေနအရပ္ရပ္ေၾကာင့္ မိသားစုနဲ႔ ခြဲခြာ ၿပီး ေဘးကင္းလုံျခဳံရာသို႔ တိမ္းေ႐ွာင္ေနရတာ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း လူမႈကြန္ယက္တြင္ အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္ေနတဲ့ ကိုေပါက္ရဲ႕ လုံျခဳံေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။မၾကာေသးခင္ ရက္ပိုင္းေလာက္က ကိုေပါက္ရဲ႕ Facebook အေကာင့္တြင္ အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနရတဲ့အေၾကာင္းရင္းကို ေရးသားေျပာျပလာခဲ့တာ ျဖစ္ပါတယ္။

လုံျခဳံေရးအရ (၃) လေလာက္ ပိတ္ထားခဲ့ရတဲ့ သူ႕အေကာင့္ေလး ျပန္အသက္ဝင္ခြင့္ရတဲ့အတြက္ ဝမ္းသာမိေၾကာင္းနဲ႔ Facebook ေပၚကေန ေပ်ာက္ေနလို႔ စိုးရိမ္စိတ္ပူေပးၾကတဲ့ စိတ္တူကိုယ္တူ ခ်စ္မိတ္ေဆြမ်ားကိုလည္း ေက်းဇူးတင္မိေၾကာင္း ေရးသားထားပါတယ္။သူကိုယ္တိုင္လည္း ကိုဗစ္ေရာဂါေဝဒနာကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီး ျပန္လည္က်န္းမာလာၿပီလို႔ ေျပာျပထားပါတယ္။

ဒီေရာဂါဟာ လူ႕အသက္ကိုပါ ဒုကၡေပးတဲ့အတြက္ မေပါ့ဆၾကဖို႔နဲ႔ အားလုံးေဘးကင္းၿပီး ဆႏၵနဲ႔ဘဝ တစ္ထပ္တည္းက်ေစႏိုင္ပါေစလို႔ ဆုေတာင္းေပးေနတာ ျဖစ္ပါတယ္။

ေတာ္လွန္ေရးခရီးတစ္ေထာက္နားတိုင္း မိတ္ေဆြရင္း ညီအစ္ကိုေမာင္ႏွမပမာ ကူညီေစာင့္ေ႐ွာက္ေပးခဲ့သူမ်ားအားလုံးကိုလည္း ေက်းဇူးတင္႐ွိေၾကာင္း ေရးသားထားပါတယ္။

ဒါ့အျပင္ ေတာထဲမွာ ေနထိုင္ေနရတဲ့ လက္႐ွိအေျခအေနကိုလည္း ပုံႏွင့္တကြေဝမွ်ေပးထားတာျဖစ္တဲ့အတြက္ အားလုံးလည္း သိ႐ွိေစဖို႔ ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။ခရက္ဒစ္

unicode

ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

သူကတော့အခြေအနေအရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာ ပြီး ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာ လပေါင်းများစွာကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း လူမှုကွန်ယက်တွင် အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ကိုပေါက်ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်က ကိုပေါက်ရဲ့ Facebook အကောင့်တွင် အချိန်အတော်ကြာ ပျောက်ကွယ်နေရတဲ့အကြောင်းရင်းကို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအရ (၃) လလောက် ပိတ်ထားခဲ့ရတဲ့ သူ့အကောင့်လေး ပြန်အသက်ဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ Facebook ပေါ်ကနေ ပျောက်နေလို့ စိုးရိမ်စိတ်ပူပေးကြတဲ့ စိတ်တူကိုယ်တူ ချစ်မိတ်ဆွေများကိုလည်း ကျေးဇူးတင်မိကြောင်း ရေးသားထားပါတယ်။

သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါဝေဒနာကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကျန်းမာလာပြီလို့ ပြောပြထားပါတယ်။

ဒီရောဂါဟာ လူ့အသက်ကိုပါ ဒုက္ခပေးတဲ့အတွက် မပေါ့ဆကြဖို့နဲ့ အားလုံး

ဘေးကင်းပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေနိုင်ပါစေလို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးခရီးတစ်ထောက်နားတိုင်း မိတ်ဆွေရင်း ညီအစ်ကိုမောင်နှမပမာ ကူညီစောင့်ရှောက်ပေးခဲ့သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါတယ်။

Add a Comment

Your email address will not be published.