အစ်မဖြစ်သူဖွေးဖွေး ရဲ့ဖခင် အတွက် ရည်စူးပြီး မိဘမဲ့ကျောင်း ကို ဆွမ်းကပ်လှူဒါန်းခဲ့ တဲ့ ၀တ်မှုံရွှေရည်…

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့ကူးစက်ပျံ့နှံ့မှုနှုန်းတွေကများပြားလျက်ရှိနေပါတယ်။

ရောဂါပြင်းထန်မှုကြောင့်နဲ့အောက်ဆီဂျင်မလုံလောက်မှုကြောင့်အသက်ပေါင်းများစွာဆုံးရှုံးနေရပါတယ်၊ပရဟိတအသင်းများကလဲတတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးနေကြပါတယ်နော်။

ပြီးခဲ့တဲ့သြဂုတ်လ၁၉ရက်နေ့မှာဆိုရင်တော့သရုပ်ဆောင်ဖွေးဖွေးရဲ့ဖခင်ကြီးဖြစ်တဲ့ဦးကျော်ကျော်ဝင်းခေါ်ဦးမောင်ဦးကကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်၊မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်နော်။

ဒီကနေ့မှာဆိုရင်တော့ကွယ်လွန်သူဦးကျော်ကျော်ဝင်းခေါ်ဦးမောင်ဦးအားရည်စူးပြီးဦးဝင်းသိန်းနိုင်၊ဒေါ်မီမီလွင်၊သမီးမဝတ်မှုံရွှေရည်၊

နဒီရွှေရည်မိသားစုကောင်းမှုနေ့ဆွမ်းအလှူကိုရွှေဂူမိဘမဲ့ပရဟိတဘုန်းတော်ကြီးကျောင်းမှာလှူဒါန်းပေးခဲ့ကြောင်းသိရှိရပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့သရုပ်ဆောင်ဖွေးဖွေးရဲ့ဖခင်ကြီးဖြစ်တဲ့ဦးကျော်ကျော်ဝင်းခေါ်ဦးမောင်ဦးလဲကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *