အနုပညာဆည်းဆာရိပ်က သက်ကြီးအနုပညာရှင်တွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးလိုက်တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ခန့်စည်သူကတော့ ဒီနေ့မှာ အနုပညာဆည်းဆာရိပ်မှာ ခိုလှုံကြတဲ့ သက်ကြီး အနုပညာရှင်တွေအတွက် စားသောက်ကုန်နဲ့ ဆေးဝါးတွေလှူဒါန်းပေးခဲ့ပါတယ်။ ခန့်စည်သူကတော့ နေ့တိုင်းလိုလို လိုအပ်နေတဲ့နေရာတွေအတွက် သူကိုယ်တိုင်လိုက်လံလှူဒါန်းနေခဲ့တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီနေ့မှာလည်း ခန့်စည်သူက အနုပညာဆည်းဆာရိပ်(မြရွှေပင် သဒ္ဓမ္မသုခဓမ္မရိပ်သာ)မှာ ခိုလှုံနေကြသော သက်ကြီးအနုပညာရှင် ဘိုးဘွားများအတွက် ဆန်၊ဆီ၊ဆေး၊ဆား၊ပဲ၊ငံပြာရည်၊ကြက်ဥ၊ဆပ်ပြာ၊ဟင်းခပ်မှုန့်၊ကြက်သွန်နီ၊mask များ၊ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ၊တရားစာအုပ်များကို ပေးအပ်လှူဒါန်းပေးခဲ့ပါတယ်။ဒါ့အပြင် ပဓါန နာယကဆရာတော်ထံလည်း သံဃာ့ဂုဏ်ကိုရည်မှန်း၍ ဝါဆိုသင်္ကန်းနှင့်ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းခဲ့ပါသေးတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးကိုဖော်ပြရင်း ဘဝနေဝင်ချိန်ရောက်နေကြသော သက်ကြီး အနုပညာရှင်ဘိုးဘွားများကို အာဟာရ ဒါန နှင့်ဆေးဝါးများ လှူဒါန်းလိုပါကလည်း လှူဒါန်းနိုင်ကြောင်းလည်း မျှဝေထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီး ရေ ခန့်စည်သူတို့ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ပါဦးနော်။

Source – Khant Si Thu

Add a Comment

Your email address will not be published. Required fields are marked *