PDF တပ်ဖွဲ့များ.. လက်နက် ချ ရန် ဓာတ် တိုင်များတွင် လှုံ့ဆော်စာများ ကပ်လာတဲ့ စစ်ကောင်စီ..
|ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ အနေဖြင့် လက်နက်ချ အလင်းဝင်ရန်နှင့်PDF တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုသတင်းများကို ပေးပို့ကြရန် စာသားပါဝင်သည့်လှုံ့ဆော်စာများကို
ရန်ကုန်မြို့နယ်တချို့ရှိ ဓာတ်တိုင်များတွင် ကပ်ထားကြောင်း သိရသည်။PDF များ လက်နက်ချပါ။ အလင်းဝင်ပါ။ မချရင် လက်စတုန်းချေမှုန်းမည် ဟု PDFများ သိစေရန်ခေါင်းစဉ်ဖြင့် ဓာတ်တိုင်များတွင် လှုံ့ဆော်စာကပ်ထားခြင်း ဖြစ်သည်။
NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုး၊ ကလိမ်ကကျစ် လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် မဲခိုးပါတီအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့်
၎င်းတို့ပါတီ ရပ်တည်မှုရှိနိုင်မည် မဟုတ်တော့ပါ ဟုလည်း အဆိုပါစာရွက်ပေါ်တွင် ရေးသားထားသည်။ယင်းအပြင် အေးချမ်းစွာ နေထိုင်လိုသော ပြည်သူများအနေဖြင့်..
PDFတပ်ဖွဲ့ဝင်များ၏ သတင်းများကို ပေးပို့ရန်နှင့် သတင်းပေးပို့သူများအား ဆုငွေချီးမြှင့်သွားမည်ဟု ထိုလှုံ့ဆော်စာတွင်ရေးသားဖော်ပြထားသည်ကိုလည်း တွေ့မြင်ရပါတယ်။
စစ်အာ ဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများကို ဖမ်းဆီးနိုင်ရေးအတွက် စစ်တပ်သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေချီးမြှင့်ပေးရန် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်များက
စစ်ခေါ င်းဆောင် မင်းအောင်လှိုင်ထံ ဩဂုတ်လ ၂၃ ရက်နေ့တွင် တင်ပြတောင်းဆို ထားကြတယ်လို့ သိရပါတယ်။တချို့ဒေသများတွင်လည်း ကားဖြင့် လှည့်လည်၍ ပီဒီအက်စ်များကို အပုတ်ချစော်ကားမှုများ
စကစမှ လိုက်လံပြုလုပ်လျှက် ရှိတယ်လို့ နယ်ခံပြည်သူများက ပြောပြလာတာတွေလည်း ရှိပါတယ်။ ဒါဟာ ဝါဒဖြန့် လှုံ့ဆော်နည်းတစ်မျိုးသာ ဖြစ်ကြောင်း ဆိုကြပါတယ်။