ထိတ်လန့်စ ရာ အခြေအနေကို ကြုံတွေခဲ့ရတဲ့ ဇာဇာထက်

တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်နေတဲ့ ဒီလိုအချိန်မှာ ပြည်သူအားလုံး အစစအရာရာကို သတိဝီရိယထားပြီး နေထိုင်ကြဖို့ အထူးလိုအပ်နေတာပဲ ဖြစ်ပါတယ် ။ မသမာမသမာသူတွေက ခိုးဆိုးလုယက်မှုတွေအပြင် လိမ်လည်လှည့်ဖျားတာတွေလည်း ပြုလုပ်နေတာကြောင့် အမြဲတမ်း သတိရှိနေသင့်တာ ဖြစ်ပါတယ် ။ အခုလည်း Model ဇာဇာထက်က သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခုကို ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဇာဇာထက်ကတော့ ဈေးဝယ်သူဟန်ဆောင်ပြီး သူမဆီကို ချဉ်းကပ်လာတဲ့သူနဲ့ ကြုံတွေ့ခဲ့ရကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ Live လွှင့်ပြီး ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ ဇာဇာထက်အနေနဲ့ လတ်တလောမှာတော့ ဈေးဝယ်သလိုလိုနဲ့ ဝင်ရောတဲ့သူမျိုးတွေ၊ အတွင်းရေးနှိုက်ဖို့ ချဉ်းကပ်လာတဲ့လူမျိုးတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ် ။ အခုလည်း ဇာဇာထက်က သူမသတိမထားမိတဲ့အချိန်မှာပဲ တစ်ဖက်လူက သူမရဲ့ရုံးမှာ ဈေးတောင်လာဝယ်သွားပြီဖြစ်ကြောင်း သိလိုက်ရလို့ မမြင်ရတဲ့အန္တရာယ်ကို ကြောက်မိကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒါကြောင့် ဇာဇာထက်က သူမအနေနဲ့ အခုချိန်ကစပြီး သတိထားနေမှ ဖြစ်တော့မယ်ဆိုတာကို သဘောပေါက်သွားပြီလို့ ဆိုပါတယ်။ တစ်ခါကဆိုရင်လည်း အမျိုးသမီးတစ်ယောက်က တစ်သောင်းကျော်ဖိုး ဈေးဝယ်မယ်အကြောင်းပြပြီး အိမ်လာလည်လို့ရလားလို့ ပြောတာမျိုးနဲ့ ကြုံခဲ့ရသေးကြောင်း ဇာဇာထက်က ပြောပြထားတာလည်း တွေ့ရပါတယ်။ ဇာဇာထက်ကတော့ သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အားလုံးသတိထားဆင်ခြင်လို့ရအောင် လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Zar Htet’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *