ဖေ့ဘွတ်မှာ သူ့အကြောင်းမဟုတ်တာ ပြောနေကြသူတွေကို ချက်ကျမတ်ကျ ထိထိမိမိ ရေးသားပြောဆိုလိုက်တဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သရောစာ

ဖေ့ဘွတ်မှာ သူ့အကြောင်းမဟုတ်တာ ပြောနေကြသူတွေကို ချက်ကျမတ်ကျ ထိထိမိမိ ရေးသားပြောဆိုလိုက်တဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သရောစာ

ကျွန်တော်လွတ်မြောက်နယ်မြေရောက်ရောက်ချင်း KNU ကဖမ်းဆီးပြီး စကစ လက်ထဲပြန်ပို့ခံရပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒါပေမယ့်ဇွဲမလျော့တဲ့ကျွန်တော် ပြန်ထွက်ပြေးလွတ်မြောက်လာတဲ့ အခါမှာတော့ မီးရှို့သတ်ဖြတ်ခြင်းကိုခံရပြန်ပါတယ်

သို့သော်အသက်ပြင်းတဲ့ကျွန်တော်ကတော့ တပ်မဟာ ၆ မှာတိုက်ပွဲတွေတိုက်နေရင်းက ချက်ချင်းဖာပွန်ရောက်ပြီး ဘယ်ပေါင်လား ညာပေါင်လားမသိ ကျည်ဖေါက်ဝင်ခဲ့ပါတယ်

ဘာရမလဲငါကွဆိုပြီးကြိုးစားလိုက်တာ ကသာရဲစခန်းကိုသိမ်းနိုင်ခဲ့တယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဘီးလင်းရောက်မှကျွန်တော်ဦးစီးတဲ့ pdf စခန်းကို ဝင်စီးချိန်မှာ မိန်းမ အဖမ်းခံရတယ်ဆိုလား လက်နက်ကြီးထိတယ်ဆိုလား ကျွန်တော့်မိန်းမခမျာ သူ့ဟာသူတောင်ဝေခွဲမရသေးပါဘူး

ကျွန်တော်ကတော့ သားဘုန်းရဲ့တိုက်ရည်ခိုက်ရည်ကြောင့်သာ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ် ခုချိန်မှာတော့ ကျွန်တော်တို့သားအဖ သားဘုန်းတို့အမေကိုကယ်တင်ဖို့ နေပြည်တော်ရောက်နေပါပြီ

We r super heros
#Min_MawKunn

Add a Comment

Your email address will not be published. Required fields are marked *