အောင်မြင်မှုများစွာနဲ့ သာယာပြည့်စုံတဲ့ မိသားစုကို စွန့်ခွာကာ တောထဲမှာ နေထိုင်နေတဲ့ R ဇာနည်ရဲ့ရဲရင့်သတ္တိမှုတွေကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

အဆိုတော် R ဇာနည်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်ပါတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ R ဇာနည်အား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံခဲ့ရတာကြောင့် လက်ရှိမှာ ဘေးကင်းရာသို့ တိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနေတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း အမှန်တရားဘက်ကနေ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းရဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ကချင်တိုင်းရင်းသားတစ်ဦးရဲ့ လူမှုကွန်ယက်တွင် အောင်မြင်မှုများစွာနဲ့သာယာပြည့်စုံတဲ့ မိသားစုကို စွန့်ခွာကာ တောထဲမှာ နေထိုင်နေတဲ့ R ဇာနည်ရဲ့ရဲရင့်မှုတွေကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ R ဇာနည်ဟာ အသံပါဝါအားကောင်းလွန်းပြီး တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ သီချင်းဟောင်းတွေကိုလည်း မူရင်းအဆိုရှင်ရဲ့ သီချင်းမပျက်စီးအောင် ဆိုနိုင်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်။ အလွယ်လိုက်ပြီး အေးအေးလူလူနေလို့ရပေမယ့် ဒုက္ခခံပြီး ပြည်သူတစ်ဦးအဖြစ် ပီသအောင် ဆောင်ရွက်ခဲ့ပါတယ်။တော်လှန်ရေးမှာ ဒီလိုလူတွေပါဝင်တဲ့အတွက် အားတက်ရပြီး အားလုံးအတွက် အတုယူစံနမူနာယူလို့လည်း ရနိုင်ကြောင်း ရေးသားထားပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အလွှာပေါင်းစုံ နယ်ပယ်အစုံက လူပုဂ္ဂိုလ်တွေ ပါဝင်နေတဲ့ တော်လှန်ရေးကြီးဟာ အချည်းနှီးဖြစ်မယ်လို့ မထင်မိကြောင်းနဲ့ တော်လှန်ရေးပြီးလို့ ကချင်ဒေသမှာ အောင်ပွဲခံ ပဒန်မနှောင်ပွဲကျင်းပတဲ့အခါ R ဇာနည်ကို ထိပ်ဆုံးကနေဖိတ်ရမယ့် VIP စာရင်းထဲမှာ မှတ်ထားကြောင်း ပြောပြထားပါသေးတယ်။ မိသားစုနဲ့အတူ အေးအေးလူလူနေနိုင်ပေမယ့် အရေးကြုံတဲ့အခါ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းဟာ တကယ်ကိုချီးကျူးစရာကောင်းလှပါတယ်။ အရေးတော်ပုံအောင်မြင်သွားတဲ့အခါ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကို အရင်ကထက်ပိုပြီး အားပေးချစ်ခင်ကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Original Uploader

Add a Comment

Your email address will not be published. Required fields are marked *