စိတ်မကောင်း စရာ ပိုင်တံခွန်ရဲ့ မိခင်ဖြစ်သူ ကျန်းမားရေးအခြေအနေ အရင်လိုလူကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့

ချစ်လှစွာသောပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့ အတုအမှန်တရားဘက်ကတစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ပုဒ်မ ၅၀၅ ကဖြင့်မတရားအဖမ်းခံလိုက်ရပါတယ်….။

ပိုင်တံခွန် အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်မိသားစုများနဲ့ပရိတ်သတ်များက စိုးရိမ်ပူပန်နေရပါတယ်နော်

မိခင်ကြီးဖြစ်သူလဲ ပိုင်တံခွန် အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ကျန်းမာရေးအခြေအနေဆိုးရွားလာကာဆေးရုံတက်ခဲ့ရပါတယ်၊ဆေးရုံ ဆင်းပြီဆိုပေမယ့်လဲပိုင်တံခွန်ရဲ့အစ်မဖြစ်သူမေချစ်သွေးကမိခင်ကြီးရဲကျန်းမာရေးအ​ခြေအနေကိုအခုလိုပြောကြားလာပါတယ်နော်…

မေချစ်သွေး ကအိပ်ယာထဲတခါမှမလဲဖူးတဲ့အမေလဲတော့လည်းလနဲ့ချီကြာသွားတယ်၊ သူဘာဖြစ်သွားလဲဆိုတာမမှတ်မိ၊စကားလေးနည်းနည်းပြောလာနိုင်တာနဲ့သူ့သားကိုစိတ်ပူတယ်၊ပြီးရင်ဟိုလူ့မေးလိုက်၊ဒီလူ့မေးလိုက်နဲ့စိတ်ပူပြန်တယ်၊မယောင်တတ်တဲ့ သူကကယောင်ကတမ်းတွေပြောတယ်…။

ညကထမင်းစားတာကိုမနက်ကစားတာထင်လိုထင်နဲ့၊ကလေးလိုဖြစ်နေတဲ့အမေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတာအခါခါ၊ဆရာဝန်ကလူကောင်းအတိုင်းပြန်ဖြစ်ဖို့မလွယ်ဘူးလို့ပြောလဲအရင်လိုဒေါင်ဒေါင်မြည်လို့လှလှပပေ လးပြန်မြင်ချင်လှပြီဆိုပြီးတော့ဝမ်းနည်းစွာသူမရဲ့FacebookStoryမှာရေးသားဖော်ပြထားပါတယ်

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါပရိတ်သတ်ကြီးရေ…

Add a Comment

Your email address will not be published. Required fields are marked *