ရင်ခုန်စိတ်လှုပ်ရှားဖွယ် အမူအရာလေးတွေ နဲ့ ဘေဘီစူးရှထက်ရဲ့ဗီဒီယို
|စူးရှထက်က သီချင်းလေးတွေသီဆိုရင်း ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေ နဲ့ အပီအပြင် သရုပ်ဆောင်ထားပါတယ်။ ဆံပင်အ တိုလေးနဲ့ လူငယ်ဆန်ဆန်လေး နုပျိုနေတဲ့ ဘေဘီစူးရှထက်ကတော့ အပြုံးချိုချိုလေးတွေနဲ့ အရမ်းလှနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ် ပရိသတ်တွေအတွက် ဘေဘီစူးရှထက်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို အောက်မှာပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။
မော်ဒယ်လ်၊ သရုပ်ဆောင် စူးရှထက်ကတော့ အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်း စားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စူးရှထက်က Photo Shooting တွေလည်းရိုက်ကူးခဲ့သလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ ပုရိသတွေ ရဲ့ဝန်းရံအားပေးမှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။
စူးရှထက်က မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင်လည်း အရမ်းလှပသလို ခေတ်ပေါ်ဖက်ရှင်တွေနဲ့ ဆိုရင်လည်း လုံးဝကို အလန်းစားဖြစ်လို့ နေ တာ ဖြစ်ပါတယ်။ အရင်ကထက်တောင် ပိုပိုပြီးလှလာတဲ့ စူးရှထက်က လက်ရှိမှာတော့ ဖက်ရှင်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားပြီး ကိုယ် တိုင်ရောင်းချနေတာဖြစ်ပါတယ်။ အခုတော့ စူးရှထက်က သူမရဲ့အားလပ်ချိန်လေးမှာ တစ်ယောက်တည်း Tik Tok ကစားခဲ့တာ ပါ။
Source & Video Credit-Zar Chi’s FB Acc