ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာ ကို သွားရောက် ဝါရဝပြုကန်တော့ ခဲ့ တဲ့ လူရွှင်တော် မိုးစက်
|ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ကတော့ ဒီရက်ပိုင်းအတွင်းမှာစာဝတ်နေရေးကျပ်တည်းနေတဲ့ ဝါရင့် အနုပညာရှင်ကြီးတွေအတွက် သူတတ်နိုင်သလောက် လိုက်လံလှူဒါန်းပေးနေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာလည်း ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာကို သွားရောက် ဂါရဝပြုကန်တော့ ခဲ့ပါတယ်။
ဦးချစ်စရာကတော့ အသက် (၇၃)ကျော်ရှိနေခဲ့ပြီဖြစ်ပြီး ယခုတိုင် ပေါ့ပါူသွက်လတ်ကာ ကျန်းမာရေးကတော့ ကောင်းနေစဲပါတဲ့။ လူရွှင်တော်မိုးစက်ကတော့ သူ့ရဲ့ပထမဦးဆုံး ဓာတ်ပုံကြော်ငြာရိုက်ကူးရေးကနေ ရရှိတဲ့ အနုပညာကြေး (၅)သောင်းကျပ်နဲ့ သူလက်ထဲမှာရှိတဲ့ ငွေ (၂)သောင်းကျပ်ကို ပေါင်းပြီး စုစုပေါင်း (၇)သောင်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အခုလို ဥိးချစ်စရာကို ထင်မှတ်မထားဘဲ ကန်တော့ခွင့်ရရှိခဲ့တဲ့ အတွက် မိုးစက်က ပီတိဖြစ်နေခဲ့သလို
ဦးချစ်စရာကလည်း အခုလို ခက်ခဲနေတဲ့ကာလမှာလာရောက် ဂါရဝပြုကန်တော့တဲ့အတွက် အရမ်းပျော်ရွှင်နေခဲ့ပါသေးတယ်တဲ့။ CeleZone ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Moe Sat