အပျိုကြီးတွေ အလို ရှိသော ယောင်္ကျား
|ဆေးလိပ်၊ အရက်၊ မိန်းမကင်းရှင်းသောသူ အလိုရှိသည်ဟု အပျိုကြီးတစ်ယောက် သတင်းစာထဲတွင် ကြေညာထည့်သည်။
တစ်ကိုယ်လုံး အရက်နံ့ထွက်နေပြီး လက်ထဲတွင် စီးကရက်ကိုင်ထားသော လူတစ်ယောက် ရောက်လာသည်။
အပျိုကြီးကမေးသည် ”ဘာကိစ္စလဲ” ”သတင်းစာထဲမှာကြေညာထားတဲ့ကိစ္စ”
“ဪ ရှင်အရက်မသောက်တတ်ဘူးလား” ”မိုးလင်းမိုးချုပ် တစ်နေကုန်သောက်တယ်”
”ဆေးလိပ်တော့မသောက်ဘူးမလား” ”ဘယ်ကလာ.. သောက်တာမှ မီးခိုးခေါင်းတိုင်လိုပဲ တနေ့ငါးဘူးလောက် ကုန်တယ်”
”ဒါဖြင့်မိန်းမတော့ ကင်းရှင်းတယ်ဟုတ်” ”ပေါက်ပေါက်ရှာရှာ.. မိန်းမဆို ပျိုပျို အိုအို လာထားပဲ”
”ဟွမ် ဒါဆိုရှင်ဘာလာလုပ်တာလဲ”
”ခင်ဗျား ကျုပ်ကို လုံးဝမမျှော်လင့်နဲ့လို့ လာပြောတာ”
Credit:thityaraik