အောင်လကိုအနိုင်မထိုးရပဲ ကစားသမားဘဝကနေ အနားယူမှာ မဟုတ်ဘူးလို့ ကြုံးဝါး ခဲ့ တဲ့ အယ်ဗာဆော့(ဗွီဒီယိုဖိုင်)

ပရိတ်သတ်ကြီးရေ မြန်မာ့ စပါးအုံးကြီး အောင်လကိုတော့ အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

One Championship နယ်ပယ်မှာ အားလုံးက ဖိတ်ဖိတ်တုန်အောင် ကြောက်ကြရတဲ့ သူတစ်ဦး ဖြစ်ပါတယ်နော်။

လွန်ခဲ့တဲ့ လအနည်းငယ်မှာ အောင်လဟာ နယ်သာလန်နိုင်ငံသားကို ရှုံးနိမ့်ပြီးချိန်မှာတော့ အရင်က သူ့ကို မော်မကြည့်ရဲတဲ့ ဖိုက်တာတွေရဲ့ စိန်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။

မစ်ဒယ်ဝတ်ချန်ပီယံဟောင်း အောင်လကို အထင်ရှားဆုံး စိန်ခေါ်ခဲ့သူ နှစ်ဦးကတော့ ကာဇက်စတန်နိုင်ငံသား အယ်ဗာဆော့ နဲ့ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီ တို့ပဲဖြစ်ပါတယ်။

အယ်ဗာဆော့ဟာ ငယ်ငယ်ကတ ည်းက နပန်းပညာရပ်ကို လေ့လာခဲ့ပြီးနောက် ဘောက်ဇင်ကိုပါ ထိုးသတ်နိုင်အောင် လေ့လြာ ပီး အသက် ၁၈ အရွယ်ကတည်းက တိုက်ခိုက်ရေးလောကကို ခြေချခဲ့သူပဲဖြစ်ပါတယ်။

ရုရှားနို င်ငံသူနဲ့ အိမ်ထောင်ကျခဲ့ပြီး ရုရှားနိုင်ငံမှာ လိုက်နေထိုင်ခဲ့ပါတယ်။

အယ်ဗာဆော့ဟာ နာမည်ကြီးဖိုက်တာတွေဖြစ်တဲ့ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီ မလေးရှားနိုင်ငံသား အီနန်သာနီ တို့ကိုလည်း အနိုင်ယူထားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထိုးသတ်ဖူးတဲ့ ဆီကွန်ရွှန်ကို အနိုင်ယူကာ ချန်ပ်ီယံခါးပတ်ကို ရရယူထားပါတယ်။

ချန်ပီယံ ကာကွယ်ပွဲ အမေရိကန်ဖိုက်တာ တစ်ဦးနဲ့လည်း အလှဲထိုး အနိုင်ရထားတာဖြစ်ပါတယ်။ ကဲပရိတ်သတ်ကြီးရေ အောင်လနဲ့ ထိုးသတ်မဲ့ အယ်ဗာဆော့ အကြောင်းကို တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရော အောင်လနဲ့ အယ်ဗာဆော့ ထိုးသတ်ရင် ဘယ်သူနိုင်မယ်လို့ ထင်ပါသလဲ။

Add a Comment

Your email address will not be published. Required fields are marked *