ကိုဗစ်ရောဂါ ကူးစက်ခံစားခဲ့ရပြီး စားဝတ်နေရေးခက်ခဲနေ တဲ့ သရုပ်ဆောင်နွယ်နီ ကို စားသောက်ကုန်နဲ့ လိုအပ်တာတွေ သွားရောက်ကူညီခဲ့တဲ့ ဝေဠုကျော်



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



unicode

သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်သလို ပရဟိတမင်းသားတစ်ဦးအဖြစ် ပြည်သူတွေကြား ထင်ရှားတဲ့ အနုပညာရှင်တွေထဲမှာ ဝေဠုကျော်ကလည်း အပါအဝင်ပါပဲ။ ဝေဠုကျော်ကတော့ သူ့ရဲ့

ဖောင်ဒေးရှင်းကနေ အခက်အခဲတွေနဲ့ လိုအပ်နေကြတဲ့ ပြည်သူတွေအတွက် အင်တိုက်အားတိုက်နဲ့ ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ နေ့စဉ်နဲ့အမျှ တတ်နိုင်သလောက်

ဖေးမကူညီနေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း စားဝတ်နေရေးမပြေလည်တဲ့ ဇာတ်ပို့သရုပ်ဆောင်မနွယ်နီအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မနွယ်နီကတော့ ကင်ဆာရောဂါ ဝေဒနာရှင်

တစ်ယောက်ဖြစ်သလို ကိုဗစ်ရောဂါလည်း ကူးစက်ခံစားခဲ့ရပြီး မိသားစုစားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဝေဠုကျော်က နေအိမ်အထိ စားသောက်ကုန်တွေ သွားရောက်ပို့ဆောင်ခဲ့တာပါ။

သရုပ်ဆောင်မနွယ်နီတို့မိသားစုလေးအတွက် ဆန် တစ်အိတ်၊ ဆီ တစ်ပိဿာ၊ ကြက်ဥ အလုံး(၃၀)၊ အဝတ်အထည်အသစ်များ၊ mask နဲ့ လက်သန့်ဆေး တို့ကို ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တိုင်သွားရောက်ကူညီရင်း အနုပညာရှင်အချင်းချင်း အားပေးစကားတွေနဲ့အတူ ဖေးမကူညီခဲ့တာလည်း တွေ့ရတာမို့ ပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *