ႏိုင္ငံေရးသမား မွ ေတာ္လွန္ေရးသမားျဖစ္ လာ သူ ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း မန္းေဂ်ာ္နီ

ေ႐ြးေကာက္ပြဲမ်ားတြင္ အႏိုင္ရ႐ွိခဲ့သည့္ လြတ္ေတာ္ကိုယ္စားလွယ္ မန္းေဂ်ာ္နီသည္ ႏိုင္ငံေရးသမား ဘဝမွ ေတာ္လွန္ေရးသမားဘဝကိုေ႐ြးခ်ယ္လိုက္ၿပီး စစ္ေကာင္စီထံက အႏိုင္တိုက္ပြဲရယူရန္ျပင္ဆင္ေနၿပီ ျဖစ္သည္။

ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ျဖစ္ခဲ့သည့္ မန္းေဂ်ာ္နီသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳကာ ၁၉၉၀ခုႏွစ္ေ႐ြးေကာက္ပြဲ၊ ၂၀၁၂ခုႏွစ္ၾကားျဖတ္ေ႐ြးေကာက္ပြဲ၊ ၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲႏွင့္ ၂၀၂၀ခုႏွစ္ေ႐ြးေကာက္ပြဲ အဆက္ဆက္ တြင္အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းခံခဲ့ရသူျဖစ္သည္။

မန္းေဂ်ာ္နီသည္ ၁၉၉၀ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ က်ံဳေပ်ာ္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္၊ ၂၀၁၂ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ ေျမာင္းျမၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္၊ ၂၀၁၅ခုႏွစ္တြင္ က်ံဳေပ်ာ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္သည္။

၂၀၁၆ခုႏွစ္ မတ္ ၃၀ရက္မွ ၂၀၁၈ခုႏွစ္ ဇန္နဝါရီ ၉ရက္အထိ ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူလည္းျဖစ္သည္။၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ လည္း အမ်ိဳးသားလႊတ္ေတာ္ အမွတ္(၂) မဲဆႏၵနယ္မွဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ေ႐ြးေကာက္ခံခဲ့ရသူျဖစ္သည္။

မန္းေဂ်ာ္နီဟာ သူ႕ဘဝတေလွ်ာက္လုံးကို ပညာေရးဝန္ထမ္း၊ ႏိုင္ငံေရးသမားအျဖစ္သာ ျဖတ္သန္းခဲ့ၿပီး ယခုလို လက္နက္ကိုင္တိုက္ပြဲဝင္ရန္ ျပင္ဆင္ေနခ်ိန္တြင္ သူ႕၏အသက္မွာ ၇၉ႏွစ္႐ွိေနၿပီျဖစ္သည္။
Photo – Dawkalu Network

unicode

ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သည့် လွတ်တော်ကိုယ်စားလှယ် မန်းဂျော်နီသည် နိုင်ငံရေးသမား ဘဝမှ တော်လှန်ရေးသမားဘဝကိုရွေးချယ်လိုက်ပြီး စစ်ကောင်စီထံက အနိုင်တိုက်ပွဲရယူရန်ပြင်ဆင်နေပြီ ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သည့် မန်းဂျော်နီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ၊ ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲ အဆက်ဆက် တွင်အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။

မန်းဂျော်နီသည် ၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၅ခုနှစ်တွင် ကျုံပျော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

၂၀၁၆ခုနှစ် မတ် ၃၀ရက်မှ ၂၀၁၈ခုနှစ် ဇန်နဝါရီ ၉ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လည်း အမျိုးသားလွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ခံခဲ့ရသူဖြစ်သည်။

မန်းဂျော်နီဟာ သူ့ဘဝတလျှောက်လုံးကို ပညာရေးဝန်ထမ်း၊ နိုင်ငံရေးသမားအဖြစ်သာ ဖြတ်သန်းခဲ့ပြီး ယခုလို လက်နက်ကိုင်တိုက်ပွဲဝင်ရန် ပြင်ဆင်နေချိန်တွင် သူ့၏အသက်မှာ ၇၉နှစ်ရှိနေပြီဖြစ်သည်။
Photo – Dawkalu Network

Add a Comment

Your email address will not be published. Required fields are marked *