သေမင်းနှုတ်ခမ်းဝသို့ မိခင်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝမ်းနည်းစွာဖြင့် ဖွင့်ချလာတဲ့ မေပန်းချီ





ကိုယ်ချင်းလဲ စာတယ်




ကျေနပ်တတ်ကျတာ







unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် မေပန်းချီရဲ့မိခင်ဟာ ကိုဗစ်ရောဂါဖြင့် ဆုံးပါးသွားပါပြီနော်။ မေပန်းချီကတော့ အမေ့ရဲ့ဆိုဆုံးမမှုတွေကို နေ့စဉ်အောက်မေ့သတိရနေပါတယ်တဲ့နော်။ အမေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်းသတိရတိုင်း မျှဝေပေးနေပါတယ်နော်။

အမေနဲ့အတူ သေမင်းနှုတ်ခမ်းဝကို အတူရောက်ခဲ့တဲ့ အခြေအနေမှန်ကိုလည်း ပြောပြလာခဲ့ပါတယ်နော်။ ” သေမင်း နှုတ်ခမ်းဝကို ကိုယ်ကိုယ်တိုင်လဲ အမေနဲ့အတူဖြတ်သန်းခဲ့ရတယ်

၂ယောက် ကူကယ်ရာမရှိလို့ Qစင်တာမှာ ကိုယ်သတိလစ်ချင်နေတဲ့အနေအထားမှာတောင် အမေအောက်ဆီဂျင်ပိုက် ဆွဲချွတ်မှာဆိုးလို့ အမေ့လက်ကိုကိုင်ထားရင်း ခေါင်းငိုက်ဆိုက် သွားရတယ်

တစ်လတိတိ ဖြတ်ကျော်ဖူးသူတိုင်း ဒါကိုနားလည်တယ်

ကိုယ်ချင်းလဲ စာတယ်

ကိုယ်တိုင်လဲ ငါလဲသေရတော့မှာပါလားဆိုပြီးလဲတွေးခဲ့ဖူးတယ်

အဲ့အချိန်ကြုံရတဲ့ လောကဓံကြောင့် ကျန်ရှိတဲ့ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ကိုယ်တိုင် သင်ကြားနိုင်ခဲ့တယ်

ဒါပေမဲ့တချို့ လူတွေက လဲကျနေရင်အမြဲလဲကျနေမှ

ကျေနပ်တတ်ကျတာ

လဲကျ ရာက ပြန်ထလာနိုင်ရင်လဲ ဆွဲမထူချင်ကျဘူး

ကျရူံးနေရင် ပိုဝမ်းသာတတ်ကျတယ်

အော် သူပြန်လဲရှင်သန်ကြိုးစားလာနိုင်ပါလာဆိုပြီး လက်ခုပ်မတီးပေးချင်ကျဘူး

ဒဲ့ပြောရရင် မိဘသေသွားပြီလေ နင်ဘာလို့ ပျော်နေလဲ နင်ဘာလို့ပုံမှန်အတိုင်းအလုပ်တွေပြန်လုပ်နေလဲ နင်ပါလိုက်သေ 😂😂😂😂

သေမင်းနှုတ်ခမ်းဝရောက်ဖူးသူတိုင်းဘဝမှာ ဘာကအရေးကြီးလဲ ဆိုတာသိလာပြီးသား

ကျန်ရှိအချိန်ကို ကောင်းကောင်းဖြတ်သန်းနိုင်တယ်တန်ဖိုးရှိစွာ” လို့ ရေးသားထားပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *