တစ်ပူပေါ် နှစ်ပူဆင့်တဲ့ ဖြူဖြူကျော်သိန်း အသဲနာစရာအဖြစ်
Ref: Myanmar Live
Photo : Myanmar Live
unicode
၅၀၅ ပုဒ်မတပ်ခံရထားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် ပိုင်ဆိုင်မှုပစ္စည်းများကိုအပ်နှံထားသည့်
သူနှစ်ဦးကလိမ်လည်သွားသည်ဟု ဖြူဖြူကျော်သိန်း ဆို။
မကြာမီက ၅၀၅ ပုဒ်မဖြင့်တရားစွဲခံထားရသည့် အနုပညာရှင်ဖြူဖြူကျော်သိန်းသည် ထွက်ပြေးတိမ်း
ရှောင်နေစဉ် မိမိပိုင်ဆိုင်မှုပစ္စည်းတချို့ကို ယုံကြည်စိတ်ချရသည့်သူနှစ်ဦးထံ အပ်နှံထားရာက ပြန်လည်
တောင်ယူသည့်အခါပြန်မပေးဘဲလိမ်လည်ခံရသည်ဟု သူမ၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
“အပ်လိုက်တဲ့သူက သူမထက်လည်းချမ်းသာ အသိုင်းအဝိုင်းမြင့်မြင့်ထဲကဆိုတော့ ဒီလိုမလုပ်ဖူး ထင်ထားတာတဲ့။ အပ်လိုက်တဲ့သူက ၂ ယောက်၊ ၂ ယောက်စလုံးက ရူးချင်ယောင်ဆောင် တော့ ရှေ့နေတွေဘာတွေနဲ့ သူခိုးဖမ်းသလို ဖမ်းလိုက်ရတာက ၁ ယောက်တဲ့” ဟု ရေးသားထားသည်။
ဆက်လက်ပြီး “နောက် ၁ ယောက်က ခု ပြန်တောင်းချိန်မှာတော့ ရူးချင်ယောင်ဆောင် ပြီး ပြန်မပေးကြောင်း” ရင်ဖွင့်ထားပါသည်။
ထို့ပြင် သူမသည် မိအိုဖအိုကို ပစ်ပြီး တိမ်းရှောင်နေရကြောင်း ဆက်လက်ရေးသားထားသည်။
Ref: Myanmar Live
Photo : Myanmar Live