သူတာဝန်ယူ ခဲ့တဲ့ ရန်ကုန်မှာ ကျွန်တော် တို့ ပျော် ခဲ့ကြ တယ်။
|သူ ပြောင်းလဲပေးခဲ့တဲ့ YBS ကားကြီးတွေ ကျွန်တော်တို့ စီးခဲ့ကြတယ်။
သူပျိုးထောင် ပေးခဲ့တဲ့ ညဈေးတန်းကြီးကို ကျွန်တော်တို့ လျှောက်ခဲ့ကြ ဖူးတယ်။
သူ့ရဲ့ အလွဲတွေကို ကျွန်တော်တို့ ထောက်ပြ ဝေဖန် ခဲ့ကြတယ်။သူနဲ့ ဟန်နီနဲ့ အကြောင်း ကျွန်တော်တို့ troll ခဲ့ကြတယ်။
ဒါပေမယ့် အခု အချိန်မှာ သူဟာ ကျွန်တော်တို့ ဆုံးရှုံး မခံချင်တဲ့ သူတွေထဲက တစ်ယောက်ပါ။
ကွီးဖြိုးလို့ ချစ်စနိုး ခေါ်ကြတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အင်းစိန် ထောင်မှာ
ဖမ်းဆီး ခံနေရချိန် အောက်ဆီဂျင် အလွန်အမင်း ကျဆင်း နေလို့ အရေးပေါ် အခြေအနေ ဖြစ်နေပါတယ်။
ကွီးဖြိုးအတွက် ကျွန်တော်တို့ ဆုတောင်းပေး ကြရအောင်။
Credit Zin Thaw Naing