သူမ ကို ချစ် တဲ့ ပရိသတ်တွေ စိတ်အေးရအောင် သတင်းကောင်းလေး တစ် ခု ကို ရေးသားလာတဲ့ ရတနာဗိုလ်
|သူမကတော့ အနုပညာ မောင်နှမတွေဖြစ်တဲ့ အလင်းရောင်နဲ့ ဖွေးဖွေးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင် ထားတဲ့ကာဗွန်ဒိုင်အောက်ဆိုက် ရုပ်ရှင်ဇာတ်လမ်းကြီးမှာဆိုရင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားနိုင်သူလည်း ဖြစ်ပါတယ်နော်။
ရတနာဗိုလ် ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှု များတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့အတွက် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုံခြုံဘေးကင်းတဲ့နေရာသို့
တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက်စိတ်ဓာတ်မကျဘဲ ရောက်ရာနေရာကနေ တော်လှန်နေတဲ့ လေးစားစရာမင်းသမီးတစ်ဦး ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ရတနာဗိုလ်ရဲ့လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ ရတနာဗိုလ်
ဟာ မိသားစုနဲ့ဝေးရာမှာ ရှောင်ပုန်းနေခဲ့ ရသည်မှာ (၅) လကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့Instagram Story မှာ ပရိသတ်တွေ စိတ်မပူရအောင် ဗီဒီယိုဖိုင်လေး တစ်ခု ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ တိမ်းရှောင်နေရတာ (၅) လပြည့်အမှတ်တရ
အနေနဲ့ ပရိသတ်တွေကို ဗီဒီယိုလေးရိုက်ကူးပြီး နှုတ်ဆက်နေတာ ဖြစ်ပါတယ်။ သူမကလည်း ” Long Time No See ရှောင်ပုန်းနေတဲ့ကာလ ငါးလပြည့် အမှတ်တရ stay safe ပါနော် အားလုံး ” ဆိုပြီး ရေးသားထားတာကို မြင်တွေ့ရပါတယ်။ ဘယ်နေရာပဲရောက်ရောက် ပရိသတ်
တွေကျန်းမာရေးဂရုစိုက်ဖို့ သတိပေးနေတဲ့ ရတနာဗိုလ်ရဲ့ စိတ်ထားလေးက တကယ်ကို ချစ်စရာကောင်းလှပါတယ်။ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးခဲ့တဲ့သူများအားလုံး ဘေးကင်းကျန်းမာပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်။