အီတလီနိုင်ငံ က သူငယ်ချင်း တစ်ယောက် ရဲ့မင်္ဂလာဆောင်မှာ သီချင်းလေး ဆိုပြီး ဂုဏ်ပြုပေးနေ တဲ့ အဆိုတော် ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်

ဆယ်စုနှစ်တစ်ခုကြာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အချစ်သီချင်းတွေသာမကပဲ အဆွေးသီချင်းတွေကိုလည်းစိတ်ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာ လက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်

အီတလီမှာနေထိုင်နေပေမယ့် ချမ်းချမ်းက အခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအ‌တွက် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကူညီနေတာဖြစ်ပါတယ်

သူမနေတဲ့ နိုင်ငံမှာလည်း ကိုဗစ်ရောဂါပိုးတွေ့ ပြန့်နှံ့နေတာကြောင့် အပြင်ထွက်လို့ မရပဲ အိမ်မှာ stay at home ဖြစ်နေတာပါနော်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒါ့ကြောင့် သမီးလေးကို ပိုပြီး အချိန်တွေပေးဖြစ်နေတာပါနော်

ချမ်းချမ်းကလည်း သမီးငယ်လေးရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေနဲ့ ဗီဒီယိုလေးကိုလည်း မကြာခဏဆိုသလိုတင်ပေးလေ့ရှိပါတယ်

ဒီနေ့လေးမှာတော့ ချမ်းချမ်းက ..Wedding’s gift 🎁 on Como Lake 🎤 🎶အမျိုးသားရဲ့သူငယ်ချင်း မဂ်လာဆောင်မှာ သီချင်းတပုဒ်လောက် ချီးမြှင့်ပေးပါ ဆိုလို့ အမှတ်တရ လက်ဆောင် ဆိုပေးခဲ့တယ်.

မျက်မှန်ကမပါ မိုးကအုံ့မမြင်ရပဲစာသားတေတောင်ရောက်မြောက်ရောက်တီးဝိုင်းက ဝိုင်းကူဆိုပေးတာ ကျေးဇူးပါမဆိုတာကြာတော့စာသားတေတောင်မေ့လို့ ကြိုပြီးသီချင်းမတိုက်ထားတော့ အိုးနင်းခွက်နင်းပေါ့ကွယ်ပျော်စရာညချမ်းလေးဖြစ်ခဲ့တယ် ..ဆိုပြီးရေးသားထားပါသေးတယ်။ ယောကျာ်းပီသပြီး ချစ်တတ်ပြီးခင်ပွန်းဆီမှာတော့ ချမ်းချမ်းဘ၀လေးက အမြဲကိုတင့်တ်ာနေတာပါပဲနော်.. ပရိသတ်ကြီးလည်း ချမ်းချမ်းရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို ကြည့်ပြီးချစ်ပေးကြပါအုံးနော်..

Source: Chan Chan

Add a Comment

Your email address will not be published. Required fields are marked *