႐ွားေစာင္း လက္ပတ္ အသုံး ၀င္ပုံ

၁။ ႐ွားေစာင္း လက္ပပ္သည္ မီးယပ္ ေဆးအျဖစ္ အလြန္ ထင္႐ွား ၏ ။ ႐ွားေစာင္း လက္ပပ္ အတြင္း သားကို ေပါက္ပင္ ပဥ္စငါးပါး မီး႐ိႈ႕ ၍ ရေသာ ျပာကို ခ်က္သည့္ ဆားအနည္းငယ္ ျဖဴးစားေသာ္ မီးယပ္ေသြး စင္ၾကယ္ စြာဆင္း၏။

၂။႐ွားေစာင္း လက္ပပ္သည္ အနာ စိမ္း ၊ ဖ်ဥ္းစြဲ ေရာဂါ ၊ အသည္း ေရာဂါ ၊ အေရျပား ေရာဂါ ၊ အဖ်ား ေရာဂါ ၊ ပန္းနာ ၊ ႏူနာ ၊ ကိုယ္ေရဝါ ေရာဂါ ၊ ဆီး၌ ေက်ာက္တည္ ေသာ ေရာဂါမ်ား ကို အလြန္ ႏိုင္နင္းေသာ ေဆးပင္ ျဖစ္သည္။

၃။ ၎သည္ လိမ္းေဆး အျဖစ္ႏွင့္ လည္းေကာင္း အလြန္ စြမ္းရည္ ႐ွိေသာ ေဆးပင္ ျဖစ္၍ ၎၏ အတြင္း သားကို ဝမ္းဗိုက္ ကပ္၍ အုံေပး ပါက ေသြးလုံး ေလလုံး မ်ားကို ျပင္ပသို႔ ထုတ္ေဆာင္ ႏိုင္၏ ။

၄။၎၏ အတြင္းသား ျဖင့္ မ်က္စိ ကို အုံေပး ပါက မ်က္စိနာ ျခင္း ၊ ကိုက္ျခင္း ၊ ပူစပ္ျခင္း ေပ်ာက္၏ ။

၅။႐ွားေစာင္း လက္ပပ္ အတြင္းသား ကို အရည္ညႇစ္ ၿပီး မီးေႏြး ေႏြး ျပဳ၍ နားတြင္းသို႔ ခတ္ေပး က နားကိုက္ နားနာ လ်င္ျမန္စြာ ေပ်ာက္ကင္း ၏။

၆။ ေျခလက္ တို႔တြင္ ေပါက္ေသာ အက်ိတ္နာ ေသြးစု နာ မ်ား ေပၚတြင္ ႐ွားေစာင္း လက္ပပ္ကို စည္းေပး ထားပါက အက်ိတ္ေၾက ၍ ျပည္ေပါက္ ျမန္ၿပီး ငန္းမန္း က်ေစသည္။

၇။ ကိုယ္ေရဝါ (Jaundice) ေရာဂါ ႐ွိသူ မ်ား အ႐ြက္သား ကို စားပါက ဆီးဝမ္းသက္ ၿပီး ေရာဂါ လည္း ေပ်ာက္၏။

၈။ အ႐ြက္ အတြင္းသား ကို အေပၚမွ နႏြင္း မႈန္႔ ျဖဴး၍ မ်က္စိ တြင္ အုံေပးလွ်င္ မ်က္စိနာ ျခင္း ၊ ကိုက္ျခင္း ၊ ပူစပ္ျခင္း မ်ား ေပ်ာက္ကင္း၏။

၉။ အတြင္းသား ကို လက္ခ်ား မီးေဖာက္ အမႈန္႔ အနည္းငယ္ ျဖဴး၍ စားလွ်င္ ေရဖ်ဥ္း ေရာဂါ ေပ်ာက္ကင္း ၏။ ၁၀။ ႐ွားေစာင္း လက္ပပ္ အႏွစ္ကို ျခစ္ယူ၍ ဆန္ေဆး ရည္တြင္ စိမ္ၿပီး လွ်င္ သၾကား ထည့္ေသာက္ ပါက ဆီးပူ၊ ဆီးေအာင့္ ၊ ဆီးထိုးျခင္း ေပ်ာက္ကင္း သည္။

႐ွားေစာင္းလက္ပတ္၏ ေကာင္းျခင္းမ်ားမွာ

႐ွားေစာင္း လက္ပတ္ရည္သည္ ဗီတာမင္မ်ား၊ သတၱဳဓာတ္မ်ား၊ အမိုင္ႏိုအက္ဆစ္မ်ားသာမက အဆိပ္အေတာက္ျဖစ္မႈကို ဟန္႔တားေပးေသာ အစြမ္းသတၱိမ်ား ႂကြယ္စြာပါဝင္သည္။အူမႀကီးကို ႐ွင္းလင္းေပးသည့္ ဝမ္းႏုတ္ေဆးဟုပင္ ဆိုႏိုင္ပါသည္။

ေလ့လာခ်က္မ်ားအရ ဆီး ၊ ဝမ္း ခ်ဳပ္ျခင္းတို႔ကို ေကာင္းမြန္ေစျခင္း၊ အူသိမ္ အူမလမ္းေၾကာင္း႐ွိ မိႈ၊ ဒုကၡေပးေသာ ဘက္တီးရီးယားပိုးမ်ား၊ ကပ္ပါးပိုးမ်ားကို ဖ်က္ဆီးေပးျခင္း၊ အစာေျခရာ တြင္ ကူညီျခင္းတို႔ကို ေတြ႕႐ွိရသည္။

ခႏၶာကိုယ္႐ွိ ေရာဂါပိုးမ်ားကို တိုက္ဖ်က္သည့္ T-cells မ်ားႏွင့္ antibodies မ်ားထုတ္လုပ္ျခင္းကို လႈံ႕ေဆာ္ေပးျခင္း၊ ေရာဂါမဝင္ေအာင္ ေဆာင္႐ြက္ေပးရာတြင္မ်ားစြာ အက်ိဳး႐ွိသည္။

႐ွားေစာင္းလက္ပပ္ရဲ႕ ဂ်ဲလ္ပုံစံေၾကာင့္ ေအးျမေစတဲ့ ဂုဏ္သတၱိ႐ွိၿပီး မ်က္စိေအာက္က အေရျပားေပ်ာ့ ေဖာင္းေနတာကို သက္သာေစပါတယ္။

ဒါေၾကာင့္ ႐ွားေစာင္းလက္ပပ္ကို မ်က္လုံးခရင္မ္ (Eye Cream)ေတြ၊ အစက္အေျပာက္ဖုံးမိတ္ကပ္ (Concealer)နဲ႔ အိုင္း႐ွဲဒိုးမွာေတာင္ ပါဝင္ပစၥည္းတစ္ခုအေနနဲ႔ ထည့္သြင္းထုတ္လုပ္လာၾကပါတယ္။

႐ွားေစာင္းလက္ပပ္ဟာ အႏၲရာယ္ကင္းၿပီး ဓာတ္မတည့္မႈ မျဖစ္ေစတဲ့အတြက္ ဒီေန႔ေခတ္ အမ်ိဳးသမီးေတြဟာ ႐ွားေစာင္းလက္ပပ္ အေျခခံမိတ္ကပ္ပစၥည္းေတြကို အားကိုးအားထားျပဳလာ ၾကပါတယ္။

ႏႈတ္ခမ္းအတြက္
႐ွားေစာင္းလက္ပပ္မွာ ဗီတာမင္အီး ႂကြယ္ဝစြာပါဝင္ၿပီး ေရဓာတ္လည္း ျပည့္ဝစြာပါဝင္တာေၾကာင့္ ေျခာက္ေသြ႕ေနတဲ့ ႏႈတ္ခမ္းေတြကို အစိုဓာတ္ျဖည့္ေပးႏိုင္ပါတယ္။

အသားအေရအတြက္
႐ွားေစာင္းလက္ပပ္ဂ်ဲလ္ဟာ အသားအေရအတြက္ အစိုဓာတ္ထိန္းေဆး (Moisturizer)ပါပဲ။ အေရျပားရဲ႕ သဘာဝ pH ကိုလည္း ထိန္းသိမ္းေပးပါတယ္။ ဒါ့အျပင္ ႐ွားေစာင္းလက္ပပ္မွာ အေရာင္က်ေစတဲ့အာနိသင္႐ွိတဲ့အတြက္ ေျခာက္ေသြ႕ယားယံတဲ့ အေရးျပာအတြက္လည္း အက်ိဳးျပဳပါတယ္။

ဒါေၾကာင့္ ႐ွားေစာင္းလက္ပပ္ကို အသားအေရ အတြက္လိမ္းတဲ့အလွကုန္ ပစၥည္းေတြမွာ အဆီ ဒါမွမဟုတ္ ေပါင္ဒါလိုမ်ိဳး ပါဝင္ပစၥည္းေတြနဲ႔ ေရာစပ္ထည့္သြင္း ၾကပါတယ္။

မ်က္ႏွာေပၚမွအမဲစက္မ်ားအတြက္
ပ်ိဳေမမ်ားရာသီမမွန္လို႔ မ်က္ႏွာမွာ အမဲစက္မ်ား ျဖစ္ေပၚလာလွ်င္ ႐ွားေစာင္းလက္ပပ္၏ အတြင္းသားအႏွစ္ကိုျခစ္ယူၿပီး သၾကား အနည္း ငယ္ေရာၿပီး စားသုံးႏိုင္ပါသည္။ပုံမွန္စားသုံးေပးပါက အမဲစက္မ်ား ပါးသြားမည္။

Credit သုတဇုန္ ထြန္းလင္း

unicode

၁။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ်စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။

၂။ရှားစောင်း လက်ပပ်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ ကို အလွန် နိုင်နင်းသော ဆေးပင် ဖြစ်သည်။

၃။ ၎င်းသည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။

၄။၎င်း၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။

၅။ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။

၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။

၇။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။

၈။ အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။

၉။ အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။ ၁၀။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊ အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။

ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။

ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။

ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက်
ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။

Credit သုတဇုန် ထွန်းလင်း

Add a Comment

Your email address will not be published.